ဆေးခြောက်မှ ထုတ်ယူထားသည့် ကလေး ၀က်ရူးပြန်ရောဂါ ကာကွယ်ဆေး (ရုပ်သံ)

A d v e r t i s e m e n t With Us

October 29, 2015

ဆေးခြောက်မှ ထုတ်ယူထားသည့် ကလေး ၀က်ရူးပြန်ရောဂါ ကာကွယ်ဆေး (ရုပ်သံ)

သြစတြေးလျနိုင်ငံဟာ ဆေးခြောက်မှထုတ်ယူထားတဲ့ ကလေးသူငယ်တွေမှာ ဖြစ်ပွားတဲ့ ၀က်ရူးပြန်ရောဂါကာကွယ်ဆေးစမ်းသပ်မှုကို လက်ခံစမ်းသပ်သွားမယ်လို့ ပြည်တွင်းမီဒီယာတွေမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖော်ပြပါတယ်။ “အက်ပီဒီယိုလက်စ်” အမည်ရတဲ့ အဲဒီကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ စတင်စမ်းသပ်ခဲ့တာ အောင်မြင်ခဲ့ပြီး လာမယ့် ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ရရှိနိုင်တော့မယ်လို့ နယူးဆောက်ဝေးပြည်နယ်အစိုးရက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ ပြုလုပ်မယ့် ဒီစမ်းသပ်မှုဟာ ရောဂါဝေဒနာရှင်ကလေးတွေ နဲ့ မိသားစုတွေကို သက်သာပျောက်ကင်းမှုတွေ ယူဆောင်လာပေးလိမ့်မယ်လို့ နယူး ဆောက်ဝေးပြည်နယ်အစိုးရ ၀န်ကြီးချုပ် မိုက်ခ်ဘေ့ဒ်က ပြောပါတယ်။ နယူးဆောက်ဝေးပြည်နယ်အစိုးရအနေနဲ့ ဗြိတိန်အခြေစိုက် “ဂျီဒဗလျူ”ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းနဲ့  အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ သန်းအကုန်အကျခံပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ခဲ့ပြီး ဒါဟာ ရုတ်တရက်ဖြစ်လာတဲ့ ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ပြီး ဆေးဝါးထုတ်လုပ်မှု စမ်းသပ်လုပ်ငန်းတွေမှာ ပူးပေါင်းလုပ် ဆောင်တာဖြစ်တယ်လို့ ဘေ့ဒ်ကပြောပါတယ်။ တနေ့မှာ အကြိမ် ၄၀ လောက် ရောဂါဝေဒနာခံစားနေရတဲ့ အသက် ၇ နှစ်အရွယ် ရောဂါဝေဒနာရှင် တိုင်လာအိုလ်ဒန်ဘာ့ဂ်ရဲ့မိဘတွေကတော့ ဒီဆေးကြောင့်စမ်းသပ်မှု မှာ မိနစ် ၉၀ ထိ ခံနိုင်ရည်ရှိလာတယ်လို့ ပြောပါတယ်။ ၀က်ရူးပြန်ရောဂါခံစားနေရသူကလေးတွေရဲ့ မိဘတွေအများစုကတော့ ခုလိုစမ်း သပ်မှုဟာ ကလေးတွေအတွက် မျှော်လင့်ချက်တခုဖြစ်လာပြီး လက်ရှိသုံးစွဲနေတဲ့ ဆေး တွေက ဘေးထွက်ဆိုးကျိုးတွေများတယ်လို့ ပြောကြပါတယ်။ ဆစ်ဒနီကလေးဆေးရုံကြီးမှ ဒေါက်တာ ဂျွန်လော်ဆန်က “ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်နဲ့ တကယ်အလုပ်ဖြစ်ရဲ့လား။ အားလုံးထဲမှာ အရေးကြီးဆုံးက တကယ်စိတ်ချရရဲ့လား”လို့ အဲဒီသုတေသနလုပ်စမ်းသပ်မှုကို ဝေဖန်ပြောဆိုပါတယ်။ သြစတြေးလျနိုင်ငံဟာ အခုလအစောပိုင်းမှာ ဆေးဝါးဆိုင်ရာဥပဒေကို ပြောင်းလဲ ခဲ့ပြီးတဲ့နောက်မှာ ဆေးဝါးသုတေသနနဲ့ သိပ္ပံပညာဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းလုပ် ဆောင်မှုတွေပြုလုပ်ဖို့ သဘောတူညီမှုတွေလုပ်လာခဲ့တာဖြစ်တယ်လို့ သြစတြေးလျနိုင် ငံရေးသမားတွေက ပြောပါတယ်။
5 years Ago
Up