ဆေးလ်ဗား

June 10, 2019

ကလပ်နှင့် နိုင်ငံအသင်း နှစ်ခုစလုံးတွင် အောင်မြင်မှုရသည့်အပေါ် ဂုဏ်ယူဟု ဆေးလ်ဗား ပြော

ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ အောင်မြင်မှု ရခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိတယ်လို့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတွေ ရယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း နေးရှင်းလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာပါ။ ဘောလုံးရာသီတခုကို အံ့အားသင့်စရာ ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပြီး အရေးကြီးဆုံး အရာကတော့ ပေါ်တူဂီအသင်းနဲ့အတူ ဆုဖလား ရယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆေးလ်ဗားက ဆိုပါတယ်။ ဆက်လက်ပြီး အနားယူပြီးတဲ့နောက်မှာတော့ လာမယ့်နှစ် ရာသီမှာ အကောင်းဆုံး ခြေစွမ်းပြရဖို့ ပြင်ဆင်သွားမယ်လို့လည်း ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဆေးဗားလ်ဟာ တဦးချင်းထူးချွန်ဆုတွေ အနေနဲ့ မန်စီးတီးအသင်းရဲ့ တနှစ်တာ အကောင်းဆုံးဆု ရခဲ့သလို နေးရှင်းလိဂ်မှာလည်း အကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့ပါတယ်။
3 years Ago

May 2, 2016

မန်စီးတီးကွင်းလယ်လူ ဆေးလ်ဗား ချန်ပီယံလိဂ် ဆီမီး ဒုတိယအကျော့ လွဲချော်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး အလယ်တန်းလူ ဒေးဗစ်ဆေးလ်ဗား တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ် ဆေးလ်ဗားကတော့ မေ ၂၈ ရက်နေ့ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။ ပထမအကျော့မှာလည်း ယာယာတိုရေးက ပေါင်ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ ပွဲမတိုင်ခင် ပြန်ကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။ မေလ ၄ ရက်နေ့မှာတော့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
Up