ဆေးလိပ်နှင့်အရက်အစား ဆေးခြောက်ကို တရားဝင်လုပ်ရန် ဗြိတိန်လူငယ်များ ဆန္ဒရှိ

July 18, 2015

ဗြိတိန် ဘုရင်မ နာဇီပုံစံ အလေးပြုသည့် ဗွီဒီယိုဖိုင်ထုတ်ပြန်မှု စိတ်ပျက်ဟု ဘာမင်ဟန်တုံ့ပြန်

၁၉၃၃ ခုနှစ် ဗြိတိန် ဘုရင်မ အဲလိဇဘက် ငယ်ရွယ်စဉ်က နာဇီပုံစံအလေးပြုနေတဲ့ ဗွီဒီယိုဖိုင် ထုတ်ပြန်မှုကို စိတ်ပျက်မိတယ်လို့ ဘာမင်ဟန်နန်းတော်က ထုတ်ပြန်ပါတယ်။ ဗြိတိန်က သည်ဆန်မ်း သတင်းစာက အက်ဝပ် VIII က ဘုရင်မကို နာဇီအလေးပြုနည်း သင်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ၁၇ စက္ကန့်ကြာ အဖြူအမည်း ဗွီဒီယိုမှာ မိခင်၊ ဦးလေး၊ ညီမနဲ့ အသက် ၇ နှစ် ဘုရင်မတို့ ပါဝင်နေပါတယ်။ နာဇီတွေ အလေးပြုတဲ့ ပုံစံနဲ့ ဘုရင်မရဲ့ မိခင်က လက်မြှောက်ထားတာကို ဘုရင်မက လိုက်လံတုပထားတာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ဟာ ၁၉၃၃ သို့ ၁၉၃၄ ခုနှစ် ဂျာမနီမှာ ဟစ်တလာ လွှမ်းမိုးမှုအားကောင်းလာတဲ့ အချိန်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ရိုက်ထားရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဘာမင်ကန်နန်းတော်ကတော့ အရင် ဆယ်စုနှစ် ၈ ခုလောက်က ရိုက်ယူခဲ့တဲ့ ဗွီဒီယိုဖိုင်ကို စိတ်ပျက်မိသလို ရုပ်သံဖိုင်ကို ရရှိပြီး အကျိုးအမြတ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။ သည်ဆန်မ်းကတော့ ဗွီဒီယိုဖိုင် ရရှိတဲ့အကြောင်းကို ပြောဖို့ ငြင်းဆန်ခဲ့သလို ဒါဟာ အရေးကြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလို့ ဆိုပါတယ်။
6 years Ago

July 5, 2015

ဆေးလိပ်နှင့်အရက်အစား ဆေးခြောက်ကို တရားဝင်လုပ်ရန် ဗြိတိန်လူငယ်များ ဆန္ဒရှိ

ဗြိတိန်မှာရှိတဲ့ အသက် ၃၀ နှစ်အောက် လူငယ်အများစုက ဆေးခြောက်ဟာ တရားဝင် ဖြစ်သင့်တယ်လို့ ယုံကြည်နေပါတယ်။ ကျောင်းသားငွေကြေး စုဆောင်းသူတွေက လူငယ် ၁၀၀၀ ကို လေ့လာ ဆန်းစစ်ခဲ့ရာမှာ ၄ ဦးမှာ ၁ ဦးကတော့ ဆေးလိပ်နဲ့ အရက်ကို တရားမ၀င် လုပ်သင့်တယ်လို့ ထင်မှတ်ထားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Cigarettesခန္ဓာကိုယ် ရုပ်ဆိုင်းဆိုင်ရာကို ဆေးခြာက်ထက် အရက်နဲ့ ဆေးလိပ်က ပိုထိခိုက်စေသလို မူးယစ်ဆေးဝါးတွေကို တရားဝင် လုပ်လိုက်ရင် တရားမ၀င် မှောင်ခိုသွင်းတာဟာ ရပ်တန့်သွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် ၄၆ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ တက္ကသိုလ်ကျောင်းမှာ မူးယစ်ဆေးဝါး ယဉ်ကျေးမှု ထွန်းကားနေတာကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ 1အင်တာဗျူးတဲ့ လူငယ်အများစုကလည်း အရက်ကြောင့် ပြဿနာ ရင်ဆိုင်နေရတဲ့သူတွေကို သိရှိတယ်လို့ တွေ့ရှိချက်က ဆိုပါတယ်။ ဒါပေမယ့် မူးယစ်ဆေးဝါးတွေကို စမ်းသပ် အသုံးပြုဖို့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုက နည်းလာတယ်လို့ ဆိုပါတယ်။
6 years Ago
Up