ဆေးလိပ်မသောက်ရန် တားမြစ်သည့် ယာဉ်မောင်းအမျိုးသမီး ထိုးကြိတ်ခံရ

A d v e r t i s e m e n t With Us

May 11, 2016

ဆေးလိပ်မသောက်ရန် တားမြစ်သည့် ယာဉ်မောင်းအမျိုးသမီး ထိုးကြိတ်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်၊ ဆူကျိုးမြို့မှာ ဘတ်စ်ကားပေါ် ဆေးလိပ်သောက်နေခဲ့တဲ့ အမျိုးသားတဦးကို တားမြစ်ခဲ့တဲ့ ယာဉ်မောင်းအမျိုးသမီး ထိုးကြိတ်ခံခဲ့ရပါတယ်။ မေလ ၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်မှာ အဆိုပါ ဆေးလိပ်သောက်သူ ခရီးသည်အမျိုးသားဟာ ယာဉ်မောင်းအမျိုးသမီးကို ကြမ်းကြမ်းတမ်းတမ်း ထိုးကြိတ်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ မီးပွိုင့်မိနေချိန်မှာ အမျိုးသမီးကို အချက်ပေါင်းများစွာ ထိုးနှက်ခဲ့ပြီး ယာဉ်မောင်းထိုင်ခုံကနေ ဆွဲထုတ်ခဲ့တာပါ။ အဲဒီနောက် သူကိုယ်တိုင် ကားကိုမောင်းယူသွားခဲ့ပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ ယာဉ်မောင်းဖြစ်သူက ဘရိတ်ကိုနင်းပြီး ယာဉ်တိုက်မှုမဖြစ်အောင် ထိန်းနိုင်ခဲ့ပါတယ်။ ကားရပ်သွားချိန်မှာတော့ မျက်မြင်တွေ့ရှိသူတွေဟာ အဲဒီအမျိုးသားကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြတာပါ။ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသား ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို လျှော့ချစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော စည်းကမ်းမဲ့ ဆေးလိပ်သောက်သုံးသူတွေကိုတော့ စည်းကမ်းရှိစေဖို့ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေဆဲပဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up