ဆေးဗား

July 28, 2018

နည်းပြ ဆေးဗားနှင့် ပြန်လက်တွဲခွင့်ရ၍ စိတ်လှုပ်ရှားမိဟု ရစ်ချာလီဆန်ပြော

အဲဗာတန်အသင်းကနေ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်က ဆရာဟောင်းဖြစ်တဲ့ နည်းပြ မာကို ဆေးဗားနဲ့အတူ ပြန်လည်လက်တွဲခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။ အဲဗာတန်က အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ရစ်ချာလီဆန်ကို အဲဗာတန်က ဒီနှစ်ရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၄၀ နဲ့ ၀က်ဖို့ဒ်အသင်းကနေ ခေါ်ယူထားတာပါ။ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ လက်ရှိ အဲဗာတန် နည်းပြ မာကို ဆေးဗားနဲ့ ပြီးခဲ့တဲ့ ရာသီမှာတုန်းက ၀က်ဖို့ဒ်အသင်းမှာ အတူလုပ်ကိုင်ခဲ့ပါတယ်။ ရာသီတ၀က်လောက်မှာ နည်းပြ မာကို ဆေးဗား အထုတ်ခံရအပြီးမှာ အဲဗာတန်က နည်းပြအဖြစ် ဒီနှစ်ရာသီမှာ ခန့်အပ်လိုက်တာပါ။ ဘရာဇီး တိုက်စစ်မှူး ရစ်ချာလီဆန်ကတော့ နည်းပြ ဆေးဗားဆီကနေ သင်ယူစရာတွေ အများကြီးရှိတယ်လို့ ဆိုထားပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီက အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
3 years Ago
Up