ဆေးစွဲရည်းစားကို အဆက်သွယ်ဖြတ်ခိုင်းသည့် သူငယ်ချင်းအား အဆိပ်ခပ်သတ်သူ ထောင်အနှစ် ၂၀ ကျနိုင်

A d v e r t i s e m e n t With Us

October 7, 2016

ဆေးစွဲရည်းစားကို အဆက်သွယ်ဖြတ်ခိုင်းသည့် သူငယ်ချင်းအား အဆိပ်ခပ်သတ်သူ ထောင်အနှစ် ၂၀ ကျနိုင်

အင်ဒိုနီးရှားနိုင်ငံမှာ ဆေးစွဲနေတဲ့ ချစ်သူကောင်လေးကို အဆက်သွယ်ဖြတ်တောက်ဖို့ အကြံပေးခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ကော်ဖီခွက်ထဲ အဆိပ်ခပ်သတ်ခဲ့တဲ့ မိန်းကလေးကို မနေ့က အမြင့်ဆုံး ပြစ်ဒဏ်ထောင်အနှစ် ၂၀ ကျနိုင်တဲ့ စွဲချက်တင်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ ဂျက်ဆီကာ ကူမလာဝေါင်ဆိုက ကောလိပ်မှ အတန်းတူသူငယ်ချင်းကို ဂျကာတာ ကဖေးဆီ ဖိတ်ခေါ်ကာ ကော်ဖီထဲ ဆိုင်ရာနိုက်တ်အဆိပ်ခပ်ပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ အသက် ၂၇ နှစ်အရွယ် ၀ရန်မာနာ ဆလီဟင်နဲ့ ဝေါင်ဆိုတို့ဟာ ပြီးခဲ့တဲ့နှစ်အထိ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဒီဇိုင်းအထူးပြုဘာသာရပ်နဲ့ အတူတူ ကျောင်းတက်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ဟာ သေဆုံးသူ ဆလီဟင်က ဝေါင်ဆိုရဲ့ ချစ်သူကောင်လေးဟာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့အတွက် သူတို့ရဲ့ပတ်သက်မှုကို ဖြတ်တောက်လိုက်ဖို့ အကြံပေးခဲ့အပြီးမှာ စတင်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဝေါင်ဆိုက ခုလိုပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပေမယ့် အစိုးရတရားလိုရှေ့နေ မယ်လနီ ၀ူဝမ်ကတော့ ဒါဟာ စနစ်တကျစီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “တရားပြိုင်က သူ့အနေနဲ့ မကျူးလွန်ပါဘူးလို့ ပြောလိုက်တဲ့ အပြုအမူဟာ တကယ့်ကို ရက်စက်လွန်းပါတယ်” လို့ သူက ပြောပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်ဖို့ ပြောလိုက်ချိန်မှာ ဝေါင်ဆိုဟာ တရားရုံးခန်းမအလယ်မှာ တယောက်တည်း ထိုင်နေခဲ့တာပါ။ ဒီကော်ဖီအဆိပ်ခပ်သတ်တဲ့ အမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ လူထုကြား စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပြီး ဘယ်လိုပြစ်ဒဏ်ချမှတ်လိမ့်မလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။ တရားရုံးရဲ့ စွဲချက်တွေထဲမှာ သူဟာ သူငယ်ချင်းဖြစ်သူ ဆလီဟင်သောက်မယ့် ဗီယက်နမ်ကော်ဖီအေးခွက်ထဲကို အဆိပ်ခပ်ခဲ့ကာ ပြစ်မှုကျူးလွန်ချိန်မှာ စီစီတီဗွီကင်မရာမှတဆင့် မမြင်ရစေဖို့ အိတ်တွေနဲ့ ကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဆလီဟင်ဟာ ကော်ဖီကို သောက်ခဲ့ပြီးချိန်မှာပဲ ရုတ်တရက် လဲပြိုကျသွားခဲ့ပြီး အကြောဆွဲ တက်ခဲ့လို့ ဆေးရုံကိုပို့ခဲ့အပြီး မကြာခင်မှာ သေဆုံးသွားခဲ့တာပါ။ ဝေါင်ဆိုကတော့ သူငယ်ချင်းဖြစ်သူဟာ ကော်ဖီကို တငုံချင်း စုပ်သောက်နေခဲ့ပြီး ထူးဆန်းတဲ့အရသာတခုခု ရခဲ့ကာ အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတာမို့ အဲဒီနေ့က အဖြစ်အပျက်ကို အသေးစိတ်မမှတ်မိတော့ဘဲ အိတ်ကို ဘယ်နေရာမှာထားခဲ့တယ် ဆိုတာကိုလည်း မသိတော့ကြောင်း တရားရုံးမှာ ပြောခဲ့တာပါ။ တရားပြိုင်ဘက်က ရှေ့နေတွေကတော့ ခုလိုစွဲချက်ဟာ အားနည်းချက်တွေနဲ့ စွဲချက်မခိုင်လုံကြောင်း တရားရုံးကို တင်သွင်းခဲ့ပါတယ်။
4 years Ago
Up