ဆေးစိမ်ထားသည့် သက်တော်ရှည်ဘုန်းတော်ကြီးရုပ်ကြွင်းကို ရွှေချဂူသွင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

May 1, 2016

ဆေးစိမ်ထားသည့် သက်တော်ရှည်ဘုန်းတော်ကြီးရုပ်ကြွင်းကို ရွှေချဂူသွင်း (ရုပ်သံ)

တရုတ်နိုင်ငံမှာ ၂၀၁၂ ခုနှစ်က ပျံလွန်တော်မူခဲ့တဲ့ သက်တော်ရှည်ဘုန်းတော် ကြီးတပါးရဲ့ ဆေးစိမ်ရုပ်ကြွင်းကို ရွှေချပြီး ရှေးဟောင်းဗုဒ္ဓဘာသာသင်္ချိုင်းမှာ ဂူသွင်း မြှုပ်နှံခဲ့တယ်လို့ မေရာသတင်းမှာ ဧပြီလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ ဘုန်းတော်ကြီး ဖူဟောင်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်ရှိနေပြီဖြစ်ကာ သူ့ရဲ့ ရုပ်ကလပ်ကို မပုပ်မသိုးအောင်စီမံပြီး အိုးကြီးတလုံးထဲမှာ ထိုင်လျက်အနေအထားနဲ့ ထားရှိခဲ့ကြတာပါ။ ခုအိုးကို ပြန်လည်ဖွင့်လှစ်ခဲ့ချိန်မှာတော့ မပျက်မစီးပဲ ထိုင်လျက်ပုံမှန်အခြေအနေ နဲ့တွေ့ရှိပြီးနောက်မှာ သူသီတင်းသုံးခဲ့တဲ့ ဖူချောင်းဘုန်းတော်ကြီးကျောင်းရဲ့ အစီအစဉ်နဲ့ သစ်စေးသုတ်ကာ ရွှေချတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဘုန်းတော်ကြီး ဖူဟောင်ဟာ အသက် ၁၇ နှစ်သားမှာစတင်ပြီး သာသနာ့ဘောင် တွင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဖူချောင်ဘုန်းတော်ကြီးကျောင်းမှာ ပျံလွန်တော်မူချိန်ထိ သီ တင်းသုံးနေထိုင်ခဲ့တာပါ။ တရုတ်နိုင်ငံရိုးရာ ယဉ်ကျေးမှုထုံးစံအရ ရှေးဟောင်းဗုဒ္ဓဘာသာ သင်္ချိုင်းမှာ ခုလို ဂူသွင်းမြှုပ်နှံတာဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘုန်းတော်ကြီး ဖူဟောင်ရဲ့ ရုပ်ကလပ်ကို အရက်ပြန် နဲ့ ဆေးကြောသန့်စင်ပြီး ပိတ်ကျဲအုပ်ကာ သစ်စေးသုတ်၊ ရွှေချခဲ့တဲ့ အခမ်းအနားကို တွေ့မြင်ရမှာပါ။
5 years Ago
Up