ဆေးကုသမှုခံယူနေ

August 2, 2017

ဟားခါးတွင် A(H1N1) သံသယရှိ ကျန်းမာရေးဝန်ထမ်းတဦး ဆေးကုသမှုခံယူနေ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မကနေ A(H1N1) လို့ ယူဆရတဲ့ လူနာအမျိုးသမီး တဦးအား သြဂုတ် ၁ ရက်နေ့က ဟားခါးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ ကျန်းမာရေးကြီးကြပ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတဦးဟာ အစည်းအဝေး တက်ရောက်ဖို့ ဇူလိုင် ၂၉ ရက်က ထန်တလန်မြို့ကို သွားရောက်စဉ် နှာစေး၊ ကိုယ်ပူပြီး ဖျားနေသည့်အတွက် ထန်တလန်ဆေးရုံတွင် ပြသရာ ဆရာဝန်ကြီးများက H1N1 ရောဂါသံသယရှိလို့ ဟားခါးမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို စစ်ဆေးကုသမှုခံယူဖို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြပါတယ်။ ဟားခါးပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ လူနာရဲ့ရောဂါပိုးအား သိရှိနိုင်ဖို့ ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ဆောင်ရွက်နေပြိး လူနာကို ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှာ အထူးကြပ်မတ် ကုသပေးနေတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ မြန်မာနိုင်ငံလုံးအတိုင်းအတာအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေသူ လူနာ ၂၄၅ ဦးရှိခဲ့ပြီး အဲဒီထဲက A(H1N1) ရောဂါပိုး တွေ့ရှိသူ ၇၆ ဦး၊ သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ အားကစားနဲ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်သူမှာ သေဆုံးမှုနှုန်း ၄.၈ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြပါတယ်။
4 years Ago

March 24, 2017

အစာအဆိပ်သင့်မှုကြောင့် လူရာချီ မြောင်းမြပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ

အစာအဆိပ်သင့်မှုကြောင့် မြောင်းမြဆေးရုံမှာ လူ ၃၀၀ ထက်မနည်း ဆေးကုသမှုခံယူနေရတယ်လို့ မြောင်းမြမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူက ပြောပါတယ်။ ဖြစ်စဉ်မှာ  မြောင်းမြမြို့နယ် အိမ်တစ်လုံးကျေးရွာမှာ မနေ့ မတ် ၂၃ ရက်က ပြုလုပ်တဲ့  ရှင်ပြုပွဲ အလှူတခုမှာ ငါးသလောက်ပေါင်း၊ ငံပြာရည်ကျော်၊ ပိန္နဲပြုတ်နှင့် မယ်ဇလီဟင်းချိုတို့ကို စားမိရာကနေ လူရာနဲ့ချီအစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။ အလှူကို အနီးမှာရှိတဲ့ကျေးရွာသုံးရွာက လာရောက် စားသောက်ခဲ့ကြပြီး ည ၆ နာရီခန့်မှာ မူးဝေတာ အော့အန်တာ ၀မ်းသွားတာ ကိုယ်လက် မအီမသာဖြစ်တာတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အိမ်တစ်လုံးကျေးရွာအုပ်ချုပ်ရေးမှူးဦးလေးလွင်က ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိလူနာအရေအတွက်အတိအကျကိုတော့ စာရင်းကောက်ယူဆဲဖြစ်ပြီး မြောင်းမြဆေးရုံမှာ တော့ဆေးကုသမှု ခံယူနေရသူ ၃၀၀ ထက်မနည်းရှိတယ်လို့ မြောင်းမြမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးမိုးသူကပြောပါတယ်။ လူနာတွေကိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွေကလည်းလာရောက်ကူညီပေးနေ ကြပါတယ်။ လူနာအရေအတွက်များလွန်းတာကြောင့် ဆေးရုံမှာ နေရာမရှိတော့ပဲ ရွက်ဖျင်တဲထိုးပြီးနေရာချထားပေးနေရပါတယ်။ ဖြစ်ပွားတဲ့ကျေးရွာမှာလည်း ကျန်းမာရေးကတာဝန်ရှိသူတွေနဲ့ တပ်မတော်သားတွေ သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေပါတယ်။ သော်ဇင်မျိုး
5 years Ago
Up