ဆော်ဒီနိုင်ငံရောက်

May 21, 2017

ဆော်ဒီနိုင်ငံရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဓားအက (ရုပ်သံ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအာရေဗီးယားနိုင်ငံ မူရာဘာနန်းတော်ရဲ့ အပြင်ဘက်မှာ မေလ ၂၀ ရက်နေ့က အထိမ်းအမှတ်ဓားအကပွဲမှာ ဝင်ရောက်ကပြခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ရက်ဂ်စ်တေလာဆန်နဲ့ စီးပွားရေးဝန်ကြီး ဝေဘာရိုစ်တို့ ဓားတွေကို သူတို့ရဲ့ ပခုံးတွေပေါ်တင်ပြီး ဆော်ဒီရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အမျိုးသားလူတန်းထဲမှာ ကနေတာကိုလည်း တွေ့ရပါတယ်။ ဆော်ဒီအာဏာပိုင်တွေ ဝန်းရံနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း ရှေ့နောက်ယိမ်းပြီး မျက်နှာမှာ ပြုံးနေတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဆော်ဒီအမျိုးသားတွေရဲ့ ရိုးရာဓားအကကို အာဒါ/အာဒက် လို့ခေါ်ကြောင်း အမေရိကန်နိုင်ငံရှိ ဆော်ဒီသံရုံးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီဓားအကမှာ အက ဒရမ်တီးတာနဲ့ ကဗျာရွတ်တာတွေ ပေါင်းစပ်ထားပြီး မင်္ဂလာပွဲ ဒါမှမဟုတ် ဘာသာရေးအားလပ်ရက်လို ထူးခြားတဲ့ အခမ်းအနားတွေ စတင်တဲ့အခါမှာ ဓားအက ကကြတယ်လို့ သိရပါတယ်။ အခြားကမ္ဘာ့ခေါင်းဆောင်တွေလည်း အာဒါ/အာဒက် လို့ခေါ်တဲ့ ဓါးအကကို ပါဝင်ဆင်နွှဲဖူးပြီး ဗြိတိန်မင်းသားကြီးချားလ်စ်ရဲ့ ၂၀၁၄ ခုနှစ် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်းနဲ့ ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း ဂျော့ရှ်ဒဗယ်လျူဘုရှ်တို့ရဲ့ ခရီးစဉ်အတွင်းတွေမှာ ဒီဓားအကကို ပါဝင်ဆင်နွှဲခဲ့တာလို့ ရေးထားပါတယ်။
4 years Ago
Up