ဆော်ဒီအကျဉ်းသား

January 30, 2019

လူသားချင်းစာနာမှုအရ ဆော်ဒီအကျဉ်းသားကို ဟူသီများ ပြန်လွှတ်ပေး

လူသားချင်းစာနာမှုနဲ့ ဆော်ဒီအကျဉ်းသား မောက်ဆာအဝီဂီကို ယီမင် ဟူသီတွေက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြန်လွှတ်လိုက်ပါတယ်။ စစ်ဖြစ်နေတဲ့ အဖွဲ့နှစ်ခုအကြား အကျဥ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ ဆော်ဒီအကျဉ်းသားဟာ ရီယာ့ဒ်မြို့ကို လေယာဉ်နဲ့ ပြန်လည်ရောက်ရှိလာပါတယ်။ ကျန်းမာရေးမကောင်းတဲ့အတွက် အဝီဂီကို ယီမင်နိုင်ငံ ဆာနာမြို့ကနေ ပြန်ပို့လိုက်တယ်လို့ ဟူသီ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဟူသီ တီဗီချန်နယ်ကနေ ထုတ်လွှင့်ပါတယ်။ အခုလို ဆော်ဒီအကျဉ်းသားကို ပြန်လွှတ်ပေးတဲ့အတွက် အပြန်အလှန်အနေနဲ့ ဟူသီအကျဉ်းသား ၇ ဦးကို လွှတ်ပေးမှာဖြစ်တယ်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ဆော်ဒီအကျဉ်းသား လွှတ်ပေးမှုအပေါ် ကြိုဆိုလိုက်ပြီး စစ်ဖြစ်နေတဲ့ အဖွဲ့တွေဆီကနေ အလားတူ လူသားချင်းစာနာတဲ့ လုပ်ရပ်တွေကို ပိုမိုမြင်တွေ့လိုတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
Up