ဆော်ဒီတွင် မီနီစကပ်ဝတ်ပြီး ခရီးသွားခဲ့သည့် အမျိုးသမီးကို ရဲဖမ်းဆီး

July 20, 2017

ဆော်ဒီတွင် မီနီစကပ်ဝတ်ပြီး ခရီးသွားခဲ့သည့် အမျိုးသမီးကို ရဲဖမ်းဆီး (ရုပ်သံ)

ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အမျိုးသမီးတဦး မီနီစကပ်ဝတ်ပြီး လမ်းခရီးသွားခဲ့တဲ့ ရုပ်သံ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် အဲဒီအမျိုးသမီးကို ဖမ်းဆီးခဲ့တယ်လို့ ဆော်ဒီဘာသာရေးရဲတွေက ပြောပါတယ်။ အမျိုးသမီးဟာ နိုင်ငံရဲ့ ပြင်းထန်တဲ့ ရှေးရိုးစွဲ အစ္စလာမ် အဝတ်အစားဆိုင်ရာ ဥပဒေကို ပြောင်ပြောင်းတင်းတင်း ဖောက်ဖျက်ခဲ့တယ်လို့ လူများစုက အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် အိနြေ္ဒမဲ့စွာ ဝတ်စားဆင်ယင်မှုအတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲတွေက အတည်ပြု ပြောကြားခဲ့တာပါ။ ဒါပေမယ့် ဆော်ဒီ နိုင်ငံတကာဆက်ဆံရေးဌာနက ထုတ်ပြန်တဲ့စာထဲမှာတော့ ရဲတွေက ဒီအမျိုးသမီးကို နာရီအနည်းငယ် မေးမြန်းပြီးနောက် ဘာအမှုမှမစွဲဘဲ ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဖော်ပြပါတယ်။ ဒီရုပ်သံကို သူမ မသိရှိဘဲ ထုတ်လွှင့်ခဲ့တာလို့ အမျိုးသမီးက အကြောင်းပြခဲ့ပြီး ရဲတွေကလည်း ယုံကြည်ခဲ့ပုံရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ ဒီအမျိုးသမီးကို ထောင်ဒဏ်ချမှတ်ဖို့၊ ကြိမ်ဒဏ်အပြစ်ပေးဖို့ တောင်းဆိုကြသလို တွစ်တာသုံးစွဲသူတဦးကလည်း သူမရဲ့လုပ်ရပ်တွေအတွက် အရှင်လတ်လတ် မီးရှို့သင့်တယ်လို့ ရေးသားနေကြတာပါ။ တချို့ကလည်း သူမဟာ ဆော်ဒီအာရေးဗီးယားကို အရှက်ရစေဖို့ ကာမရာဂနှိုးဆွ မြှူဆွယ်တဲ့ ရည်ရွယ်ချက်နဲ့ ဒီရုပ်သံ ရိုက်ကူးခဲ့တာလို့ စွပ်စွဲကြပါတယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူမရဲ့ မီနီစကပ်နဲ့ အပေါ်ပိုင်း ဗိုက်ဖော်ထားတဲ့အင်္ကျီ ဝတ်ဆင်ထားတဲ့ ရုပ်သံတွေ ထွက်ပေါ်လာပြီးနောက် ရဲအရာရှိတွေက ဒီအမျိုးသမီးကို ခြေရာခံ လိုက်လံရှာဖွေခဲ့တာပါ။ အမည်ဖော်ပြမထားတဲ့ အမျိုးသမီးက သူမ ဆံပင်ရှည်ကို မဖုံးအုပ် ခေါင်းမဆောင်းထားဘဲ ဗိုက်ဖော်ထားတဲ့အကျီင်္ိနဲ့ ရှေးဟောင်းခံတပ်တလျှောက် လမ်းလျှောက်သွားတာကို ရုပ်သံရိုက်နေတာ မြင်တွေ့ရပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားဆိုင်ရာ ဥပဒေကို လိုက်နာရမယ့် ဆော်ဒီနိုင်ငံမှာ ဒီရုပ်သံကို လူမှုကွန်ရက်စာမျက်နှာထက် အကြီးအကျယ် ပြစ်တင်ဝေဖန်နေကြတာပါ။ ဒေသခံသတင်းစာတွေကတော့ သူမက သူမရဲ့ အမျိုးသားအုပ်ထိန်းသူနဲ့ ရှေးဟောင်းသမိုင်းဝင် ရွာတရွာကို အလည်အပတ်သွားခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီရုပ်သံကို တခြားလူတွေက လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပြီး သူမက ခရီးတလျှောက်လုံး အမျိုးသားအုပ်ထိန်းသူနဲ့ ခရီးထွက်ခဲ့တာဖြစ်လို့ တယောက်တည်း ခရီးမသွားရဆိုတဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့ခြင်း မရှိဘူးလို့ သူမက ပြောခဲ့ပါတယ်။ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အမျိုးသမီးတွေဟာ လူကြားထဲသွားရင် အဘာရာလို့ခေါ်တဲ့ တကိုယ်လုံးဖုံးတဲ့ ဝတ်ရုံကို ဝတ်ဆင်ရသလို မွတ်စလင်ဘာသာဝင်တွေဖြစ်ရင် ခေါင်းအုပ်ဆောင်းလည်း ဝတ်ဆင်ရပေမယ့် အဲဒီဝတ်ရုံအောက်မှာ ဘာဝတ်ရမယ်ဆိုတဲ့ တားမြစ်ချက်တော့ မရှိဘူးလို့ ဇူလိုင် ၁၉ ရက်နေ့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up