ဆော်ဒီတွင် ခိုးမှု၊ မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားတဦး ခေါင်းဖြတ်ကွပ်မျက်ခံရ

August 9, 2018

ဆော်ဒီတွင် ခိုးမှု၊ မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားတဦး ခေါင်းဖြတ်ကွပ်မျက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံမှာ ခိုးမှု၊ မုဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့တဲ့  မြန်မာနိုင်ငံသား အမျိုးသား တဦးဟာ ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရတယ်လို့ ဘလွန်းဘာ့ဂ်သတင်းမှာ သြဂုတ်လ ၈ ရက် နေ့က ဖော်ပြပါတယ်။     ဒီအဖြစ်အပျက်ဟာ အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မက္ကာမြို့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ခုလိုလူမြင်ကွင်းမှာ ကွပ်မျက်လိုက်တာဟာ ရှားတောင့်ရှား ပါး ပြစ်ဒဏ်ချမှတ်မှုမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။     အလိုင်ရာ့စ် အဗူခါလမ် ဂျမာလက်ဒီးန် အမည်ရတဲ့ အဆိုပါအမျိုးသားဟာ ဆော်ဒီရောက် မြန်မာအမျိုးသမီးတဦးရဲ့ အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ကာ ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်ခဲ့တာဖြစ်တယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီး ဌာနထုတ်ပြန်ချက်ကို ကိုးကားပြီး ဆော်ဒီပရက်စ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။     ဒါ့အပြင် သူဟာ နောက်အိမ်တအိမ်မှာလည်း လက်နက်ခိုးယူမှု၊ အိမ်တွင်း ဖောက်ထွင်းဝင်ရောက်ပြီး အမျိုးသားတဦးကို သတ်ဖို့ ကြိုးစားမှု၊ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းမှုတွေနဲ့လည်း စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။     ဒီကွပ်မျက်မှုအတွက် ဆုံးဖြတ်မှုကိုတော့ ဆော်ဒီဘုရင်၊ အယူခံတရားရုံးနဲ့ အထက်တရားရုံးတို့ရဲ့ သဘောတူညီချက်အရ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။     ဆော်ဒီအာရေဗျနိုင်ငံမှာ လူမြင်ကွင်းမှာ ခေါင်းကိုဖြတ်ပြီး အလောင်းကိုချိတ်ဆွဲပြတဲ့ ခုလို ပြစ်ဒဏ်ပေးတာမျိုးဟာ ရှားပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်တုန်းကတော့ ယီမင်နိုင်ငံသား တဦးကို မိန်းကလေးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး မိန်းကလေးရဲ့ ဖခင်ကိုလည်း သတ်ဖြတ်ခဲ့မှုအတွက် အလားတူ ကွပ်မျက်အပြစ်ပေးတာ ခဲ့ဖူးပါတယ်။
5 years Ago
Up