ဆော်ဒီညွန့်ပေါင်းတပ်က

February 18, 2017

ဆော်ဒီညွန့်ပေါင်းတပ်က ဈာပနကျင်းပသည့် နေအိမ်ကို မှားယွင်းတိုက်ခိုက်၊ ၁၂ ဦးသေဆုံး (ရုပ်သံ)

ယီမင်နိုင်ငံရဲ့ မြို့တော် စာနာအနားမှာ ဆော်ဒီအာရေဗျ ခေါင်းဆောင်တဲ့ ညွှန့်ပေါင်းတပ်တွေက  ဟူသီ သူပုန်တွေကို လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈ ဦးနဲ့ ကလေးတွေ အပါအဝင် လူအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ပါတယ်။ မြို့တော် မြောက်ပိုင်းက ဈာပနပွဲ ကျင်းပရာ အိမ်တလုံးကို မှားယွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ တခြား လူ ၁၂ ဦးလည်း ဒဏ်ရာရတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။ အဆောက်အဦက လုံးဝ ပျက်စီးပြီး အနားက အိမ်တွေလည်း ထိခိုက် ပျက်စီးပါတယ်။ ဒီလို မှားယွင်းမှုကို စုံစမ်းစစ်ဆေးမယ်လို့ ညွန့်ပေါင်းတပ် စစ်တိုင်းက ချက်ချင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၁၅ က စတဲ့ ယီမင် ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ရပ်ပါ။ မနှစ်ကလည်း စာနာမြို့တော် ဈာပနခန်းမကို ညွန့်ပေါင်းတပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ ဈာပန ပို့ဆောင်သူ ကလေးတွေ အပါအဝင် လူအယောက် ၁၄၀ သေဆုံးပါတယ်။ တခြားလူ အယောက် ၆ ရာကျော် ဒဏ်ရာရပါတယ်။  မြို့တော် စာနာအပါအဝင် ယီမင် မြောက်ပိုင်း အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေကို ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်က ၂၀၁၅ မတ်လတည်းက တိုက်နေတာပါ နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အက်ဒ်ဒယ်ရာဘူမန်ဆူး ဟာဒီကို ရှီးယိုက်မွတ်စလင် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီ သူပုန်တွေက နှင်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတနဲ့ မဟာမိတ် ဆွန်နီမွတ်စလင် ဆော်ဒီကသမ္မတဘက်ကနေ စစ်ကူ ပြန်ပေးရင်း ယီမင် ပြည်တွင်းစစ် ဖြစ်လာခဲ့ တာပါ။ ဒီစစ်ပွဲကြောင့် အရပ်သား တဝက်လောက် အပါအဝင် လူတသောင်းကျော် သေဆုံးခဲ့ ပြီးပါပြီ။ လူ ၂ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေက ဆိုပါတယ်။
4 years Ago
Up