တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟနန်းခရိုင်၊ ဒန်ဖန်မြို့မှာ ကွန်ဖူးဆရာတွေက ရှောင်လင်ကွန်ဖူးနဲ့ ကိုယ်ခံပညာတွေကို လေထဲမှာ လေ့ကျင့်ခဲ့ကြပါတယ်။
ဒီလိုလေ့ကျင့်တာက တရုတ်နိုင်ငံမှာ ဒီနှစ် ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ ၃ ရက်ကြာ အလုပ်သမားနေ့ အားလပ်ရက်မတိုင်ခင် လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒန်ဖန်မြို့က ရှောင်လင်ဘုန်းကြီးကျောင်းရှိရာ မြို့ဖြစ်ပြီး ကိုယ်ခံပညာရဲ့ ရှေးအကျဆုံးတွေထဲက တခုဖြစ်တဲ့ ရှောင်လင် ဝူရူးရဲ့ နဂိုမူလ အစနေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ရှောင်လင်ကွန်ဖူး ယဉ်ကျေးမှုတွေ ပါဝင်တဲ့ အကနဲ့ ဂီတပွဲတော်ဖြစ်တဲ့ နှစ်စဉ်ကျင်းပနေကျ ရှောင်လင်ကျန် ဂီတပွဲအတွက် ဧပြီလ ၂၈ ရက်နေ့မှာ ဆောင်းတောင်ပေါ် မီတာ ၈၀ အမြင့်မှာ ကွန်ဖူးဆရာတွေက ကိုယ်ခံပညာတွေ လေ့ကျင့်ခဲ့ကြတာလို့ စီဂျီတီအန်သတင်းမှာ ဖော်ပြပါတယ်။
3 years Ago