ဆောင်းနက်စ်

March 5, 2019

လီဗာပူးအသင်း၏ ဂိုးဖန်တီးနိုင်မှုစွမ်းရည်ကို ဂရေမီဆောင်းနက်စ် ဝေဖန်

ဂိုးဖန်တီးနိုင်မှုစွမ်းရည် မရှိတဲ့ လီဗာပူးအသင်းရဲ့ ကွင်းလယ်နဲ့ပတ်သက်ပြီး ကစားသမားဟောင်း ဂရေမီဆောင်းနက်စ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ၂၀၁၉ ခုနှစ်မှာ သွင်းဂိုး ၅ ဂိုးပဲရသေးပြီး ကွင်းလယ်ပိုင်းမှာ ဂိုးရဖို့ ဖန်တီးမယ့် ကစားသမား မရှိတာကို ထောက်ပြဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာလည်း လီဗာပူးအသင်း ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေကျခဲ့ပြီး အဆင့်နှစ်နေရာကို ဆင်းပေးခဲ့ရပါတယ်။ လီဗာပူးအသင်း ကွင်းလယ်ဟာ အားနည်းချက်တွေရှိနေပြီး ကောင်းမွန်တဲ့ပေးပို့မှုတွေ မရှိဘူးလို့ ဝေဖန်ခဲ့ပြီး အခုနှစ်အတွင်းမှာ ၅ ဂိုးပဲ သွင်းယူနိုင်ခဲ့တာက လုံလောက်မှုမရှိဘူးလို့ ဆောင်းနက်စ်က ဝေဖန်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာနဲ့ ဝက်စ်ဟမ်းအသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း တိုက်စစ်က လိုအပ်တဲ့ဂိုးတွေ မသွင်းနိုင်ခဲ့လို့ သရေကျခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ ဝစ်ခ်ျနယ်လ်ဒန်နဲ့ ဖာဘင်ဟိုတို့ ကစားခဲ့ကြပြီး အသစ်ခေါ်ယူခဲ့တဲ့ ကီတာဟာလည်း အလုပ်မဖြစ်ဘူးလို့ ဆောင်းနက်စ်က ဆိုခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ လိုင်ယွန်က နာဘီဖစ်ကာလို ကစားသမား လိုအပ်နေပြီး မန်စီးတီးမှာဆိုရင်တော့ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့လို ကွင်းလယ်ဖန်တီးမှု အားကောင်းတဲ့ ကစားသမားတွေ ရှိတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။
2 years Ago
Up