ဆောက်သမ်တန် ၄ - ၂ မန်စီးတီး

May 2, 2016

ဆောက်သမ်တန် ၄ - ၂ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ မေလ ၁ ရက်နေ့က ယှဉ်ပြိုင်ရာ ဆောက်တမ်တန်က ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ တိုရေး၊ အဂွီရို၊ ဆေးလ်ဗား၊ ကွန်ပနီတို့ မပါဝင်တဲ့ မန်စီးတီးအသင်းဟာ ခံစစ်ရော တိုက်စစ်ပါ အားနည်းခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ ပွဲချိန် ၂၅ မိနစ်နဲ့ ၂၈ မိနစ်မှာ ရှိန်းလောင်းက ဆောက်သမ်တန်အတွက် ဂိုးတွေ သွင်းယူပေးခဲ့ပြီး ၄၄ မိနစ်မှာ အီဟီရာနာချိုက မန်စီးတီးအတွက် ချေပဂိုးတဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ဆောက်သမ်တန်က ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ဆောက်သမ်တန်က အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ ပွဲချိန် ၅၇ မိနစ်နဲ့ ၆၈ မိနစ်မှာ မာနီက ဆောက်သမ်တန်အတွက် အနိုင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပြီး ၇၈ မိနစ်မှာ အီဟီရာနာချိုကပဲ မန်စီးတီးအတွက် ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ဆောက်သမ်တန်က ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းပြီး အထူးခြေစွမ်းပြ ကစားသွားတဲ့ မာနီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး မန်စီးတီးက ရမှတ် ၆၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ၅၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up