မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဆောက်သမ်တန်နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ ဗဟိုနောက်တန်းကစားသမား ဗန်ဒစ်ဂ်ျကို ခေါ်ယူဖို့ အပြိုင်ကြိုးစားနေပါတယ်။
အသက် ၂၅ နှစ်ရှိ နယ်သာလန်ကစားသမား ဗန်ဒစ်ဂ်ျကို မန်စီးတီးအသင်းက ခေါ်ယူဖို့ စတင်ပြင်ဆင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကပါ ခေါ်ယူလိုနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြိုင်ကမ်းလှမ်းဖို့ ရှိနေပါတယ်။
ဗန်ဒစ်ဂ်ျကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းခန့် ပေးချေရဖွယ်ရှိပါတယ်။
ဆောက်သမ်တန်အသင်းဘက်ကတော့ ဗန်ဒစ်ဂ်ျရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။
ဗန်ဒစ်ဂ်ျဟာ ပြီးခဲ့တဲ့နှစ်ကမှ စကော့တန်ကလပ် ဆဲလ်တစ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ဆောက်သမ်တန်ခံစစ်မှာ ခြေစွမ်းပြကစားနေတာကြောင့် အသင်းကြီးတွေ ခေါ်ယူလိုတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။
6 years Ago