ဆောက်သမ်တန်

July 2, 2019

လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်စ် ဆောက်သမ်တန်အသင်းကို အပြီးသတ်ပြောင်းရွှေ့

လီဗာပူးတိုက်စစ်မှူး ဒယ်နီအင့်စ်ဟာ ဆောက်သမ်တန်အသင်းဆီ ပေါင်သန်း ၂၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။  အသက် ၂၆ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး အင့်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန်အသင်းမှာ တရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြ သနိုင်ခဲ့ပါတယ်။  စုစုပေါင်း ၂၄ ပွဲမှာ ၇ ဂိုး သွင်းခဲ့တဲ့ ဒယ်နီအင့်စ်ကို ဆောက်သမ်တန်အသင်းက အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့အတွက် ခြေစွမ်းအတက်အကျတွေရှိခဲ့ပြီး  လာမယ့်ရာသီအတွက်တော့ အကောင်းဆုံးခြေစွမ်းပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒယ်နီအင့်စ်က ပြောပါတယ်။ 
2 years Ago

April 25, 2019

ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်း၏သွင်းဂိုး ပရီးမီးယားလိဂ် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင် (ရုပ်သံ)

ပွဲအစ ၇ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမြန်ဆုံးဂိုး ဖြစ်လိမ့်မယ်လို့ ထင်မထားမိကြောင်း ဆောက်သမ်တန်တိုက်စစ်မှူး ရှိန်းလောင်းက ပြောကြားလိုက်ပါတယ်။ ရှိန်းလောင်းဟာ ဝတ်ဖို့ဒ်အသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲအစ ၇ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က စပါးနောက်ခံလူ လက်ဒလေကင်း သွင်းယူခဲ့တဲ့ ၉ ဒသမ ၈၂ စက္ကန့်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ဝတ်ဖို့ဒ်ကွင်းလယ်လူ ပါရေယာက ကွင်းလယ်စည်းမှာ ဘောလုံးတည်ပြီးနောက် နောက်ခံလူ ကတ်ရှ်ကာ့ကို ဘောလုံးပေးပို့ခဲ့ပါတယ်။ ကတ်ရှ်ကာ့က ရှေ့ကိုကန်တင်ပေးရာမှာ ခုန်ပြီးဝင်လုယူခဲ့တဲ့ ရှိန်းလောင်းနဲ့ထိပြီး ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့ ရှိန်းလောင်းက အသာအယာမတင်ပြီး ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးတဲ့အထိ ပရီးမီးယားလိဂ် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ မသိရှိခဲ့ကြောင်းနဲ့ အရင်က အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတဲ့ ဂိုးကိုလည်း မသိရှိကြောင်း ရှိန်းလောင်းက ဆိုပါတယ်။ အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်နိုင်ခဲ့ပေမယ့် နိုင်ပွဲမရခဲ့တဲ့ အပေါ်မှာတော့ စိတ်ပျက်မိတယ်လို့လည်း တိုက်စစ်မှူး ရှိန်းလောင်းက ပြောကြားသွားခဲ့ပါတယ်။
2 years Ago
More News
Up