မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာ ဘာလယ်ရီက အဝေးကစ် ကန်ချက်ကနေ ဆောက်သမ်တန်အတွက် သွင်းယူပါတယ်။ မန်ယူအတွက် ချေပဂိုးကို ပရဲယာက ၅၃ မိနစ်မှာ အဝေးကစ်ကနေပဲ သွင်းယူပါတယ်။
ဒီပွဲမှာ မန်ယူ ကွင်းလယ်သမား ပရဲယာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
မန်ယူအတွက် ဒုတိယ ဦးဆောင်ဂိုးကို ၅၉ မိနစ်မှာ ပရဲယာရဲ့ ဖန်တီးပေးပို့တာကနေ တိုက်စစ်မှူး လူကာကူက သွင်းယူပါတယ်။
ဆောက်သမ်တန်အတွက် ချေပဂိုးကို ၇၅ မိနစ်မှာ ဝေါပရောက်စ်က ဖရီးကစ် ကန်ချက်ကနေ တိုက်ရိုက်သွင်းယူပါတယ်။ သရေကျတော့မလို ဖြစ်နေတုန်း ၈၈ မိနစ်မှာ မန်ယူအတွက် အနိုင်ဂိုးကို လူကာကူက သွင်းယူပြီး အနိုင်ရသွားပါတယ်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မန်ယူအသင်းက ပင်နယ်တီရရှိခဲ့ပေမယ့် ပေါ့ဘာ ကွင်းသွင်းတာ ဂိုးသမားခြေတောက်နဲ့ထိပြီး မ၀င်ခဲ့ပါဘူး။
ဒီပွဲနိုင်တဲ့ မန်ယူက ၅၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။
2 years Ago