ဆောက်ဂိတ် တောင်းဆို

A d v e r t i s e m e n t With Us

November 14, 2016

အင်္ဂလန်အသင်းအတွက် အမြဲတမ်းနည်းပြ အမြန်ဆုံးခန့်ရန် ဆောက်ဂိတ် တောင်းဆို

အင်္ဂလန်အမြဲတမ်းနည်းပြရာထူးအတွက် အမြန်ဆုံးခန့်အပ်ဖို့ ယာယီနည်းပြ ဆောက်ဂိတ်က တောင်းဆိုလိုက်ပါတယ်။ အင်္ဂလန်ယာယီနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ် ၄ ပွဲကို တာဝန်ယူကိုင်တွယ်ဖို့ ခန့်အပ်ခံထားရတာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကစားမယ့် စပိန်နဲ့ခြေစမ်းပွဲက သူ့ရဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းဟာလည်း ဥရောချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရမှာဖြစ်တာကြောင့် အင်္ဂလန်အသင်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်မယ့်သူကို အမြန်ဆုံး ဆုံးဖြတ်ပေးဖို့ နည်းပြဆောက်ဂိတ်က တိုက်တွန်းလိုက်တာပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ အမြဲတမ်းနည်းပြရာထူးအတွက် တခြားနည်းပြတွေနဲ့ ချိတ်ဆက်ထားပေမယ့် ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေရလဒ် ရထားတဲ့ လက်ရှိနည်းပြ ဆောက်ဂိတ်ကိုပဲ ခန့်အပ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
4 years Ago
Up