အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆုဖလားတခုမှ မဆွတ်ခူးနိုင်ခဲ့ရင်တောင် သူဟာ အောင်မြင်တဲ့ နည်းပြတဦး ဖြစ်လိမ့်မယ်လို့ နာမည်ကြီး အားကစားသတင်းထောက် မာတင်ဆမ်မြူရယ်က ပြောကြားလိုက်ပါတယ်။
ဆောက်ဂိတ် အင်္ဂလန်အသင်းကို ရောက်ရှိချိန်ဟာ တည်ဆောက်နေဆဲကာလ ဖြစ်တာကြောင့် အများကြီး အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂလန်အသင်းရဲ့သမိုင်းမှာ အောင်မြင်မှုရရှိတဲ့ နည်းပြဆိုရင် ဆာအက်လ်ရမ်ဆေး တဦးတည်းကိုပဲ ညွှန်ပြရမှာဖြစ်ပြီး အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလား ရယူပေးခဲ့တဲ့ ၁၉၆၆ ခုနှစ်ဟာ အအောင်မြင်ဆုံးအချိန် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နာမည်ကြီး ပရော်ဖက်ရှင်နယ်ကလပ်အသင်း တသင်းကို ကိုင်တွယ်ခွင့်မရရှိသေးဘဲ နိုင်ငံလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ရတာဟာ အခက်အခဲတွေ ရှိပေမယ့် ကမ္ဘာ့ဖလားမှာ စတုတ္ထရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်တို့အတွက် အအောင်မြင်ဆုံးနည်းပြအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ ဟယ်ရီကိန်း၊ ဒယ်လီအလီ၊ ထရစ်ပီယာ၊ စတာလင်၊ မက်ဂွိုင်းယား အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့မှုအကောင်းဆုံးမှာ ရှိနေခဲ့ပါတယ်။
2 years Ago