ဈေးရောင်းပွဲတော်

January 4, 2019

Made In Myanmar ဈေးရောင်းပွဲတော် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပ (ဓာတ်ပုံ)

မြန်မာလုပ်ငန်းရှင်တွေရဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို တနေရာတည်း တွေ့မြင်နိုင်မယ့်  Made In Myanmar ပြည်တွင်းဖြစ်အားပေးပါ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၄ ရက်မနက်က ရန်ကုန်မြို့၊ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ စတင်ကျင်းပနေပါတယ်။ ဒီပွဲတော်မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ စွန့်ဦးတီထွင် ပြည်တွင်းမှာထုတ်လုပ်တဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အလှကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ အမှတ်တရ လက်မှုပစ္စည်းတွေကို ဆိုင်ခန်းပေါင်း ၁၃၀ ကျော် ဖွင့်လှစ်ရောင်းချနေတာပါ။ ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်တာကျင်းပမယ့် ပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှုအက ဖျော်ဖြေရေးအစီအစဉ်တွေ၊ ပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကိုပါ ထည့်သွင်း ကျင်းပသွားမှာပါ။  
3 years Ago

February 10, 2018

တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် မန္တလေးတွင် ကျင်းပ

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (သတ္တမအကြိမ်) မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၂ ရက်ထိ ကျင်းပမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတွေက ဒေသထွက်ကုန် ရိုးရာအသုံးအဆောင်၊ ရိုးရာအထည်အလိပ်တွေနဲ့ ဒေသအစားအစာတွေကို ခင်းကျင်း ရောင်းချကြမှာပါ။ အဲဒီအခမ်းအနားကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူမျိးစုတွေ တက်ရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။
4 years Ago
Up