စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့က မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်၊ မြို့နယ်လျှပ်စစ်၊ ဈေးကော်မတီတို့နဲ့ မီးဘေးအန္တရာယ် လျော့ပါးရေးအတွက် ဈေးအတွင်း လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလို စစ်ဆေးတာက ဒုတိယအကြိမ်ဖြစ်ပြီး မုံရွာမြို့ရှိ ဈေးကြီး ၈ ဈေးလုံးကို တရက်တဈေး လိုက်လံစစ်ဆေးသွားမှာပါ။ မုံရွာမြို့ရှိ ဈေး ၈ ဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၂၆၀၀ ကျော်ရှိပါတယ်။
ဒီနေ့မှာ သီရိရတနာဈေး ခေါ် ဈေးဟောင်းဈေးကို အရင်စစ်ဆေးခဲ့ပြီး ဈေးအတွင်း ရောင်းချနေတဲ့ ဈေးသည်တွေကို မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန် ရှောင်ရန်တွေ၊ မီးလောင်မှုမဖြစ်အောင် ချမှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာပြီး ပူးပေါင်းပါဝင်ကြဖို့ ပြောဆိုဆွေးနွေးတာတွေ ပြုလုပ်ခဲ့ကြတာပါ။
မုံရွာမြို့က ဈေးတွေမှာ မီးအသုံးပြုခွင့်တွေကို ပိတ်ပင်ထားပြီး လုံခြုံရေးမီး တပ်ဆင်ထားမှုတွေ၊ မီသတ်ရေတိုင်၊ ရေကန်၊ မီးသတ်ကား ဝင်ထွက်လမ်း၊ ပစ္စည်းသိုလှောင်ထားရှိမှုတွေကိုလည်း တိုင်းတာစစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
မုံရွာမြို့မှာ ၂၀၁၅ ခုနှစ်ကထက် ဒီနှစ်မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ မီးဘေးနဲ့ပတ်သက်ပြီး အသိတွေ ကျယ်ပြန့်လာမှုကြောင့် မီးလောင်မှု သိသိသာသာ လျော့နည်းခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးညီညီဇော်က ဒီဗွီဘီကို ပြောပါတယ်။ မုံရွာမြို့မှာ လောင်ခဲ့တဲ့မီးအများစုက ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့လည်းြေ ပာပါတယ်။
6 years Ago