ဈေးကွက်ဝင်လာတဲ့ ငါးပသိ (သတင်းဓာတ်ပုံ)

July 1, 2015

ထားဝယ်မြို့ လမ်းမသစ်ညနေခင်း

ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်) ၃၀ ဇွန်လ ၂၀၁၅  
6 years Ago

June 29, 2015

ဈေးကွက်ဝင်လာတဲ့ ငါးပသိ (သတင်းဓာတ်ပုံ)

ခုတလော ရေထွက်ပစ္စည်းဈေးကွက်အတွင်း ဈေးကောင်းရလာတဲ့ ပစ္စည်းတမျိုးကတော့ ငါးပသိ လို့ခေါ်တဲ့ ငါးခေါင်းတွေကထွက်တဲ့ ပစ္စည်းတမျိုးပါ။အရင်က ငါးပသိ ကို လွှင့်ပစ်ခဲ့ကြပေမယ့် ခုတော့ တရုတ်ဝယ်လက်တွေက ဈေးကောင်းပေးဝယ်ယူလာကြလို့ အခြောက်လှန်းပြီး ရောင်းချလာကြတယ်လို့ သိရပါတယ်။ ငါးပသိ ကို စားစရာတခုအဖြစ် သုပ်စားရတယ်လို့သိရပြီး တရုတ်ဝယ်လက်တွေက တစ်ပိဿာ ကျပ် ၂ သိန်းခွဲအထိ ဈေးပေးဝယ်ယူကြတယ်လို့ ထားဝယ် သဘော့ဆိပ်ကမ်းခြေက ငါးပသိ စုဆောင်းရောင်းချနေသူတဦးက ပြောပါတယ်။ "အရင်ကတော့ စားရကောင်းမှန်းလည်း သိတာမဟုတ်ပါဘူး၊ လွှင့်ပစ်နေကြတာပါပဲ။ အရင်ကဆို ပင်လယ်မျှော့လည်း ဒီလိုပဲ။ ဒီမှာ ဘယ်သူမှ စားရကောင်းမှန်း သိတာမဟုတ်ဘူးလေ။ နောက်တော့ တရုတ်တွေပဲ ပင်လယ်မျှော့ကို ဈေးကောင်းပေးဝယ်လို့ ပင်လယ်မျှော့ဈေးကွက်တခေတ်ဖြစ်ခဲ့ သေးတာ။ ခုတော့ ငါးပသိပေါ့" လို့ သူကဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)  
6 years Ago
Up