စေတနာ့ဝန်ထမ်းဆောင်ရွက်နေ

March 31, 2018

ကယန်းဒေသတွင်း ဆရာလိုအပ်ချက်ဖြည့်နိုင်ရန် လူငယ်များမှ စေတနာ့ဝန်ထမ်းဆောင်ရွက်နေ

ကယန်း​ဒေသတွင်း စာသင်​​ကျောင်း​တွေမှာ အစိုးရ ဆရာ၊ ဆရာမတွေ ​ အလုံအ​​လောက်​မရှိတာကို နှစ်​စဉ်​ ကြုံနေရတာကြောင့် ဒီလိုအပ်​ချက်​ကို ဖြည့်​ဆည်းနိုင်​ဖို့ ကယန်းမျိုးဆက်​သစ်​လူငယ် ​(​ကေအန်​ဂျီဝိုင်​) အဖွဲ့က ​စေတနာ့ဝန်​ထမ်း​ ဆရာဖြစ်​ ​သင်​တန်း​​တခု ပြုလုပ်နေပါတယ်။ ​၂ လ ကြာမြင့်မယ့် ဒီ​​​သင်​တန်းကို ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့ရဲ့ ​လေ့လာ​ရေးစင်​တာမှာ ပြုလုပ်​​နေတာဖြစ်​ပြီး လူငယ်​ အ​ယောက်​ ၆၀ ကို ​လေ့ကျင့်​သင်​ကြား​ပေး​နေတာပါ။ သင်​တန်းမှာ ဆရာတ​ဦး သိထားရမယ့်​ တာဝန်​ဝတ္တရား​တွေ၊ ​ကျောင်းသင်​​ထောက်​ကူ ပစ္စည်းဖန်​တီးတာ​တွေ၊ သင်​ကြား​ရေးနည်းလမ်း၊ ကယန်းစာ​ပေနဲ့ အ​ခြေခံ အင်္ဂလိပ်​စာ စတဲ့ ဘာသာရပ်​​တွေကို သင်​ကြား​ပေး​နေပါတယ်။ ​​စေတနာ့ထမ်းဖြစ်​ဖို့ စိတ်​ဝင်​စားတဲ့ ကချင်​ပြည်​နယ်​က လူငယ်​ ၅ ယောက်လည်း ပါဝင်​တက်​​ရောက်​​နေပါတယ်​။ ကယန်း​ဒေသဟာ လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတာနဲ့ ကရင်​ပြည်​နယ်​၊ ကယားပြည်​နယ်​၊ ရှမ်းပြည်​နယ်​နဲ့ ​နေပြည်​​တော်​ ​ကောင်​စီနယ်​​မြေ​တွေရဲ့ အစွန်​အဖျား​တွေမှာ ရှိ​နေတာ​ကြောင့်​ ပညာ​ရေးအတွက်​ ပိုပြီး အခက်​ခဲဖြစ်​​နေရတာပါ။ ကယန်း​ဒေသမှာရှိတဲ့ က​လေး​တွေရဲ့ ပညာသင်​ယူနိုင်​ခွင့်​ အခွင့်​အ​ရေး​တွေ မဆုံးရှုံး​​စေဖို့ ရည်​ရွယ်​ လုပ်​​ဆောင်​​​နေတဲ့ ဒီအစီအစဉ်​ကို ၂၀၁၂ ခုနှစ်​ ကတည်းက စတင်​အ​ကောင်​အထည်​​ဖော်​ခဲ့တာပါ။ ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့ဟာ ၂၀၁၂- ၁၃ ပညာသင်​နှစ်​ကစပြီး ​စေတနာ့ဝန်​ထမ်း အယောက် ၁၀၀ ကို နှစ်​စဉ်​ ​မွေးထုတ်​ပြီး ကယန်း​ဒေသတွင်းက စာသင်​​ကျောင်း​တွေကို ​စေလွှတ်​​နေပါတယ်​။ လာမယ့်​ ၂၀၁၈- ၁၉ ပညာသင်​နှစ်​မှာတော့ အရင်​နှစ်​က ​တာဝန်​ထမ်း​ဆောင်​ခဲ့ပြီးတဲ့ ​စေတနာ့ဝန်​ထမ်း အယောက် ၁၀၀ ထဲကနဲ့ အခု သင်​တန်းတက်​​နေတဲ့ လူငယ်​​ ၆၀ ထဲကနေ အယောက် ၁၀၀ ကို​ စိစစ်​​ရွေးချယ်​ပြီး ဆရာ၊ ဆရာမ လိုအပ်​​နေတဲ့ ​ကျောင်း​တွေကို ​စေလွှတ်​သွားမှာ ဖြစ်​ပါတယ်​။ သတင်း-ခွန်တူးတူးလေး
3 years Ago
Up