WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660459489.2286040782928466796875', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ငွေကြေးအပေးအယူနှင့် ပတ်သက်ပြီး ဘာစီတိုက်စစ်မှူး နေမာ တရားရုံးတွင် စစ်ဆေးခံ – DVB

ငွေကြေးအပေးအယူနှင့် ပတ်သက်ပြီး ဘာစီတိုက်စစ်မှူး နေမာ တရားရုံးတွင် စစ်ဆေးခံ

February 5, 2016

ငွေကြေးအပေးအယူနှင့် ပတ်သက်ပြီး ဘာစီတိုက်စစ်မှူး နေမာ တရားရုံးတွင် စစ်ဆေးခံ

ငွေကြေးအပေးအယူနဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရတဲ့ ဘာစီလိုနာ ရှေ့တန်း ကစားသမား နေမာဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က စပိန် အမျိုးသားတရားရုံးမှာ စစ်ဆေးခံခဲ့ပါတယ်။ ဆန်တို့ကလပ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့စဉ် ငွေအပေးအယူမှာ လိမ်လည်မှုတွေ ရှိတယ်လို့ စွပ်စွဲခံရနေရတာပါ။ အစိုးရ ရှေ့နေအဖြစ် ဆောင်ရွက်တဲ့ မက်ဒရစ်က တရားသူကြီးက နေမာနဲ့ သူ့မိဘတွေ၊ ဘာစီလိုနာ လက်ရှိဥက္ကဋ္ဌ၊ အရင် ဥက္ကဋ္ဌ၊ ဆန်တို့အသင်းရဲ့  အရင် အရာရှိ ၂ ဦးတို့ကို တရားရုံး ဆင့်ခေါ်ခဲ့ပါတယ်။ ဘာစီိလိုနာရဲ့ အရင် ဒု-ဥက္ကဋ္ဌကိုလည်း သက်သေအဖြစ် ဆင့်ခေါ်ခဲ့ပါတယ်။ နေမာနဲ့ ဆန်တို့၊ ဘာစီလိုနာအသင်းတို့ စာချုပ်တွေ အတော်များများ ချုပ်ဆိုခဲ့ပြီး နေမာ ဖခင်ရဲ့ ဘဏ်စာရင်းထဲကို ငွေလွှဲပေးရာမှာ အခွန်ရှောင်ဖို့ အချက်အလက် အမှားတွေကို ပေးခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုပါ။ ဘာစီလိုနာအသင်းက နေမာကို ယူရိုငွေ ၅၇ သန်းကျော်နဲ့ စာချုပ်ချုပ်ခဲ့တယ်လို့ အစောပိုင်းမှာ ပြောပေမယ့် နောက်တော့မှ သန်း ၁၀၀ နီးပါး ဆိုတာကို ၀န်ခံထားပါတယ်။
7 years Ago
Up