ငွေဆောင်ကမ်းခြေတွင်

May 19, 2017

ငွေဆောင်ကမ်းခြေတွင် အမျိုးသားအလောင်းတလောင်း တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းကို ဒီနေ့ မနက် ၆ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။ ဒီအလောင်းဟာ ဘယ်သူမှန်း မသိဘေးဘဲ အလောင်းကိုတော့ မြတ်ဒါနနာရေးကူညီမှု အသင်းက ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း မည်သူမည်ဝါဆိုတာကို စုံစမ်းနေပါတယ်။ သေဆုံးသူဟာ ဘယ်သူမှန်းမသိပေမယ့် သူရဲ့ ကိုယ်မှာတော့ ဆေးမှင်ကြောင်တွေ ပါရှိတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုကြီး
4 years Ago
Up