ငွေတံဆိပ်ဆု ဆွတ်ခူး

January 13, 2017

ဘရူနိုင်းဖိတ်ခေါ်ဓားသိုင်းပြိုင်ပွဲတွင် မဖြူဖြူအောင် ငွေတံဆိပ်ဆု ဆွတ်ခူး

ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှာ ဇန်နဝါရီ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပတဲ့ ဘရူနိုင်း ဖိတ်ခေါ်ဓားသိုင်း တံခွန်စိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရာ Individual Women Foil ပြိုင်ပွဲမှာ မဖြူဖြူအောင်က ငွေတံဆိပ်ဆု ပထမဆုံး ရရှိခဲ့ပါတယ်။ မဖြူဖြူအောင်ဟာ အုပ်စုပွဲစဉ်မှာ ဖိလစ်ပိုင်မှ အိုင်နာစီယို အင်ဒရေးအ် (Ignacio Andrea) ကို ၁၅ မှတ် - ၁၂ မှတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ မဖြူဖြူအောင်ဟာ ဟောင်ကောင်မှ ချန်ရှန်ရ (Chan Sheung Ya) ကို ၁၅ မှတ် - ၅ မှတ်နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ထိုင်းမှ သောင် ချမ်ပ (Thong Champa) ကို ၁၅ မှတ် - ၁၄ မှတ်နဲ့ ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆု ရရှိခဲ့တာပါ။ ကျန်ပြိုင်ပွဲတွေမှာလည်း မြန်မာအားကစားသမားတွေ ဆက်လက်ယှဉ်ပြိုင်လျက် ရှိပါတယ်။
5 years Ago
Up