ငွေတံဆိပ်ဆုနှင့်အတူ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံရသည့် တရုတ် ရေကူးမယ်

A d v e r t i s e m e n t With Us

August 16, 2016

ငွေတံဆိပ်ဆုနှင့်အတူ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံရသည့် တရုတ် ရေကူးမယ် (ဓာတ်ပုံ)

ကျင်းပနေတဲ့ အိုလံပစ်ပွဲတော် ရေကူးပြိုင်ပွဲမှာ တရုတ်ရေကူးမယ် ဟေဇီဟာ ငွေတံဆိပ်ဆုယူအပြီး သူမရဲ့ချစ်သူ ကွင်ခိုင်က စိန်လက်စွပ်နဲ့ စေ့စပ်ဖို့ တောင်းဆိုတာ ခံခဲ့ရပါတယ်။ သြဂုတ် ၁၄ ရက် အမျိုးသမီး ရေကူးပြိုင်ပွဲအပြီး ဆုချီးမြှင့်တဲ့ စင်ပေါ်ကနေ ဆင်းအလာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံမီဒီယာတွေရဲ့ ရှေ့မှာပဲ လက်ထပ်ခွင့်တောင်းခံခဲ့တာ ဖြစ်ပါတယ်။ အနီရောင် လက်စွပ်အိတ်ထဲကနေ လက်စွပ်ကိုထုတ်ကာ ဒူးထောက်ပြီး ကွင်က လက်ထပ်ခွင့် တောင်းခဲ့ရာမှာ ဇီကလည်း ခေါင်းညိတ်ခဲ့ပါတယ်။ ဒီလို လက်ထပ်ခွင့်တောင်းမယ်လို့ မမျှော်လင့်ထားသလို အဆိုပြုတဲ့အချိန်မှာ စိတ်လှုပ်ရှားနေတဲ့အတွက် ကွင်ပြောတဲ့ စကားအားလုံးကို မမှတ်မိတော့ဘူးလို့ ကွင်က ပြောပါတယ်။ ဟေဇီနဲ့ အသက် ၃၀ နှစ်ရှိ ကွင်တို့ဟာ တယောက်နဲ့တယောက် တွေ့ဆုံကြတာ ၆ နှစ်နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ ဒီစုံတွဲ ထွက်ခွာသွားပြီးတဲ့နောက် ပရိသတ်က ကောင်းချီးသြဘာ ပေးခဲ့ပါတယ်။ တခြားနိုင်ငံက ပြေးခုန်ပစ် အားကစားသမားတွေကလည်း ဇီကို လာပြီး ဂုဏ်ပြုခဲ့ကြသလို ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံသားတွေရဲ့ စိတ်ကို ထိခိုက်စေတဲ့ ဖြစ်ရပ်တခုအဖြစ် ပြောဆိုနေပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up