ငွေဇင်လှိုင်း

August 3, 2018

အိုင်ဒေါပြိုင်ပွဲဝင် ငွေဇင်လှိုင်း တမူးဒေသခံများနှင့်စုပေါင်း၍ ရေဘေးသင့်သူများကို လှူဒါန်းမည်

မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ငွေဇင်လှိုင်းဟာ ဖျော်ဖြေပွဲက ရရှိတဲ့ ဆုငွေတွေနဲ့ တမူးဒေသခံတွေ စုပေါင်းလှူဒါန်းငွေ သိန်း ၃ဝ ကျော်ကို ရေဘေးသင့်ဒေသကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ ငွေဇင်လှိုင်းဟာ သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖော်ျဖြေပွဲကနေရတဲ့ ဆုငွေ ၅ သိန်းကို မတည်ပြီး တမူးဒေသခံတွေ လှူဒါန်းငွေ ၂၆ သိန်း ၅သောင်း ၅ ထောင် စုစုပေါင်း ကျပ် ၃၁ သိန်းကျော်ကို အဓိက လိုအပ်နေတဲ့ ရေဘေးသင့်ဒေသတွေကို လှူဒါန်းသွားပါမယ်​လို့​ ပြောပါတယ်​။ ​တေးသံရှင်​ ​ငွေဇင်​လှိုင်းဟာ​ ဇူလိုင် ၃ဝ ရက်​​နေ့က​ တမူးမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တမူးမြို့ခံပရိသတ်​က ​သောင်း​သောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ''အခုလို​ လာရောက်​အား​ပေးပြီး ကြိုလိမ့်​မယ်​လို့ မထင်​ထားဘူး။ တမူးပြည်​သူ​တွေ ကိုယ့်မြို့သူကို အဲဒီ​လောက်​ ချစ်​တတ်​လိမ့်မယ်​လို့ လုံးဝမထင်​ခဲ့ပါဘူး” လို့ ငွေဇင်လိုင်းက ပြောပါတယ်။ အဲဒီနောက် သြဂုတ် ၁ ရက်နေ့က မြို့သူမြို့သားတွေကို ဖော်ျဖြေပွဲပြုလုပ်ခဲ့ပြီး ဆုကြေးငွေ ရရှိလာတဲ့အတွက် အခုလို မတည်လှူဒါန်းဖြစ်သွားတာလို့ ငွေဇင်လှိုင်းက ပြောကြားခဲ့ပါတယ်။
5 years Ago
Up