ငွေစက္ကူတင်လာသည့် ကုန်ကားကို အပိုင်စီးခဲ့သည့် သံသယဖြစ်ဖွယ်လူကို တရုတ်ရဲ ဖမ်းဆီး

A d v e r t i s e m e n t With Us

September 8, 2016

ငွေစက္ကူတင်လာသည့် ကုန်ကားကို အပိုင်စီးခဲ့သည့် သံသယဖြစ်ဖွယ်လူကို တရုတ်ရဲ ဖမ်းဆီး (ရုပ်သံ)

ငွေစက္ကူတွေတင်လာတဲ့ ကုန်ကားကို အပိုင်စီးခဲ့သူလို့ သံသယရှိတဲ့ အမျိုးသားတဦးကို တရုတ်ရဲတွေက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သံသယရှိသူကို သူ့အိမ်မှာ ဒေသစံတော်ချိန် ည ၉ နာရီက ဖမ်းမိတာဖြစ်ပြီး တရုတ်ငွေစက္ကူ ၆ သန်းကိုလည်း ပြန်ရှာတွေ့ခဲ့ပါတယ်။ အပိုင်စီးမှုဖြစ်ခဲ့တဲ့ ယင်းခိုမြို့ ရဲတွေက သံသယရှိသူဟာ ငွေစက္ကူသယ်တဲ့ ကုန်ကားမောင်းသူဆိုတာကို အမြန်ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် လင်မျိုးနွယ် သံသယရှိသူဟာ ယွမ်ငွေ ၆ သန်းကို ငွေစက္ကူသယ်တဲ့ ကားကနေ အိတ် ၃ အိတ်နဲ့ ထည့်ယူပြီး ၂ နေရာခွဲ ဝှက်ထားခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာနဲ့ အနားက ရပ်ကွက်ထဲ ငွေအိတ်တွေ ဝှက်ထားတယ်လို့ လျောင်နင်း ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို ဒု-ညွှန်မှူး ချွေးလီတုံးက ပြောပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းက သူ့စီးပွားရေး အဆင်မပြေလို့ ငွေချေးရာက အကြွေးတွေ နစ်လာခဲ့လို့ ရာဇဝတ်မှု ကျူးလွန်မိတာလို့ ယင်းခို ရာဇဝတ်မှုရဲတပ်ဖွဲ့ ညွှန်မှူး ကျားချင်းလင်က ပြောပါတယ်။ လင်မျိုးနွယ်ဟာ အိမ်လုပ်ပစ္စတိုကိုသုံးကာ ကုန်ကားပေါ်က တခြားလူ ၄ ဦးကို နှင်ထုတ်အပြီး ငွေစက္ကူသယ်တဲ့ကားကို အပိုင်စီးခဲ့တယ်လို့ ဝန်ခံကြောင်း ရဲတွေက ပြောခဲ့ပါတယ်။
4 years Ago
Up