ဂေါ်ရီလာကြီးနှစ်ကောင်

February 17, 2019

အသည်းယားဖွယ် ဆော့ကစားပြနေသည့် ဂေါ်ရီလာကြီးနှစ်ကောင် (ရုပ်သံ)

ဒိန်းမတ်နိုင်ငံက တိရစ္ဆာန်ရုံတခုမှာရှိတဲ့ ဂေါ်ရီလာကြီးနှစ်ကောင်ရဲ့ အသည်းယားဖွယ် ကလူကျီစယ်နေကြတဲ့ပုံရိပ်တွေ ပါဝင်တဲ့ ဗွီဒီယိုဖိုင်တခုဟာ အင်တာနက်အသုံးပြုသူတွေအကြားမှာ အထူးပင်ရေပန်းစားနေတယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်အရ အသက် ခြောက်နှစ်အရွယ် ယီဘာလို့ခေါ်တဲ့ ဂေါ်ရီလာက အသက် ၁၆ နှစ်အရွယ် ကီပင်ဇီကို သူနဲ့အတူ လိုက်ပါကစားဖို့ ကျီစယ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဂေါ်ရီလာနှစ်ကောင်ဟာ ဒိန်းမတ်နိုင်ငံ Givskud တိရစ္ဆာန်ရုံမှာနေထိုင်ကြသူတွေဖြစ်ပြီး သူတို့တွေဟာ ညီအစ်ကို တော်စပ်တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။ ဗွီဒီဖိုင်မှာ ယာဘာက ကီပင်ဇီကို တုတ်ချောင်းတွေ၊ သစ်စတွေနဲ့ ပစ်ပေါက်ကာ သူနဲ့အတူကစားဖို့ ဆွဲဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။ Givskud တိရစ္ဆာန်ရုံ ဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရ ယာဘာဟာ အလွန်အဆော့ သန်တယ်လို့သိရပြီး ဒီလိုပုံစံမျိုးဟာ ဂေါ်ရီလာအကောင်ငယ်လေးတွေမှာ မြင်တွေ့ရတဲ့ ပုံစံတွေထဲက တခုလည်းဖြစ်တယ်လို့ သိရပါတယ်။ “ကီပင်ဇီကတာ့ အေးအေးဆေးဆေး နေတတ်ပါတယ်။ ဒါပေမယ့် တခါတလေမှာလည်း သူ့ညီယာဘာနဲ့အတူ ဝင်ဆာ့တတ်တယ်လို့ သိရပါတယ်။ ဂေါ်ရီလာတွေကို မျိုးတုံးပျောက်ကွယ်သွားဖို့ အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေအဖြစ် နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့ (IUCN) ကပြောပါတယ်။
3 years Ago
Up