ဂေါ်ဇီလာ

A d v e r t i s e m e n t With Us

May 28, 2019

နာမည်ကြီး ဂေါ်ဇီလာရုပ်ရှင်-Godzilla: King of the Monsters မေ ၃၁ ရုံတင်မည် (နမူနာ)

လူကြီးလူငယ်မရွေး စိတ်ဝင်စားကြမယ့် Hollywood Action Adventure Monster ရုပ်ရှင်အမျိုးအစား ဇာတ်ကားတကားဖြစ်တဲ့ Godzilla: King of the Monsters ရုပ်ရှင်ကို လာမယ့် မေလ ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Warner Bros. နဲ့ Legendary Pictures တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Michael Dougherty က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဂေါ်ဇီလာလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေနဲ့ ရုပ်ရှင်ကားတွေကို တခါပြန်ပြီး အမှတ်ရကြမှာပါ။ ဒီကားကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂေါ်ဇီလာရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာ ဒဏ္ဍာရီထဲက ဧရာမသတ္တဝါကြီးတွေလို့ ယူဆထားကြပြီး ဟိုးအရင် ကမ္ဘာဦးကာလကတည်းက ရှိခဲ့တဲ့ ဂေါ်ဇီလာနဲ့ Titans တွေဖြစ်ကြတဲ့ Mothra၊ Rodan နဲ့ ခေါင်းသုံးလုံး နဂါးသတ္တဝါကြီး King Ghidorah တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ကြတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဂေါ်ဇီလာလို အကောင်ကြီးတွေကို လိုက်ပြီး စုံစမ်းထောက်လှမ်းနေတဲ့ လျှို့ဝှက်အဖွဲ့ဖြစ်တဲ့ Monarch နဲ့ရော ဘယ်လိုတွေ ထိပ်တိုက်တွေ့ဆုံမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Kyle Chandler၊ Vera Farmiga၊ Millie Bobby Brown၊ Bradley Whitford၊ Sally Hawkins တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ပြောစကားတွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
2 years Ago
Up