ဂျေးဇီ

June 22, 2018

သမီးဖြစ်သူ ရှက်ရွံ့ခဲ့ရသည့် ဘီယွန်းဆေးတို့စုံတွဲ Sexy ပြကွက်ရုပ်သံ ဝေဖန်ခံရ

နာမည်ကြီး အဆိုတော်စုံတွဲဖြစ်တဲ့ ဂျေးဇီနဲ့ ဘီယွန်းဆေးတို့ရဲ့ Sexy ကျကျ ဖျော်ဖြေနေတဲ့ပြကွက်ကို မကြည့်ရဲဘဲ ရှက်ရွံ့နေခဲ့တဲ့ သမီးဖြစ်သူ ဘလူးအိုင်ဗီရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ လန်ဒန်မြို့၊ ကွင်းအယ်လိဇဘက် အိုလံပစ်အားကစားရုံမှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတခုမှာ ဖြစ်ခဲ့ပြီး ဆာရာအီမာဆန် အမည်ရတဲ့ လက်မှတ်အရောင်းသမားတဦးက ရိုက်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၆ နှစ်အရွယ် ဘလူးဟာ မီးခိုးရောင် ခေါင်းစွပ်ဟူဒီတထည်ကို ဝတ်ဆင်ထားခဲ့ပြီး သူငယ်ချင်းတဦးနဲ့ ဘေးချင်းကပ် ရှိနေခဲ့တာကို တွေ့ရပါတယ်။ မိခင်နဲ့ ဖခင်ဖြစ်သူတို့ရဲ့ သီဆိုဖျော်ဖြေမှုတွေထဲမှာ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက် ဖျော်ဖြေမှုတွေကို စခရင်ပေါ်မှာ ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ သူ့ရဲ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပုံ အဆင့်ဆင့်ကိုလည်း ရိုက်ယူထားနိုင်ခဲ့တာပါ။ ဘလူးဟာ မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ရုတ်တရက် မျက်နှာကို အုပ်လိုက်ကာ ခုံတန်းနဲ့ ကွယ်ပစ်လိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ တွစ်တာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ တချို့ကလည်း ခုလိုမျိုး ပြသတာကို မဖြစ်သင့်ဘူးလို့ ဝေဖန်နေကြကာ တချို့ကတော့ ဘလူးကို သနားစရာကောင်းတဲ့ ကလေးငယ်ဆိုပြီး ကရုဏာသက်တဲ့ ဝေဖန်မှတ်ချက်တွေ ပေးနေကြတာ ဖြစ်ပါတယ်။
3 years Ago
Up