ဂျော်ရွှာ

A d v e r t i s e m e n t With Us

June 3, 2019

ဗြိတိန်လက်ဝှေ့ကျော်ကို အနိုင်ရခဲ့သည့် မက္ကဆီကန်နိုင်ငံသား ဆုကြေး ပေါင် ၅ သန်းသာ ရရှိ

ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲမှာ နာမည်ကြီး ဗြိတိန်လက်ဝှေ့အကျော်အမော် အန်တိုနီဂျော်ရွှာကို အနိုင်ရခဲ့တဲ့ မက္ကဆီကန်နိုင်ငံသား အန်ဒီရုဇ်ဂျူနီယာဟာ ပေါင် ၅ သန်းသာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ဂျော်ရွှာကတော့ ပေါင်သန်း ၂၀ ထိ ရရှိခဲ့ပြီး အခုပွဲစဉ် မတိုင်မီကတည်းက ကြိုတင် သဘောတူညီထားခဲ့တာလို့ သိရပါတယ်။ အန်တိုနီဂျော်ရွှာရဲ့ အခုရှုံးပွဲဟာ ကစားသမား သက်တမ်းတလျှောက် ပထမဆုံး ရှုံးပွဲဖြစ်ပြီး WBA, WBO, IBF ချန်ပီယံခါးပတ်တွေကိုလည်း စွန့်လွှတ်ခဲ့ရပါတယ်။ ဒီပွဲမှာ ဗြိတိန်လက်ဝှေ့သမား ဂျော်ရွှာသာ အနိုင်ရလိမ့်မယ်လို့ အားလုံးနီးပါးက ခန့်မှန်းထားကြပေမယ့် ၇ ချီမြောက်မှာတင် ဒိုင်ပွဲရပ်နဲ့ အန်ဒီရုဇ်က အနိုင်ရသွားတာပါ။ ပွဲအစပိုင်းမှာ အန်ဒီရုဇ်ဟာ ဂျော်ရွှာရဲ့ ထိုးချက်တွေကြောင့် လဲကျခဲ့ရပေမယ့် ပွဲပြန်စချိန်မှာ အကောင်းဆုံး တိုက်စစ်ဆင် ထိုးသတ်နိုင်ခဲ့ပြီး ဂျော်ရွှာကို ၂ ကြိမ်တိုင်တိုင် လဲကျစေခဲ့ပါတယ်။ ၇ ချီမြောက်မှာတော့ ဂျော်ရွှာ ပြန်မခုခံနိုင်လောက်အောင် ထိုးသတ်နိုင်ခဲ့လို့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့သူ ဂျော်ရွှာကတော့ အခုပွဲဟာ အသေးအဖွဲသာဖြစ်ပြီး သူ့ရဲ့ ပွဲစီစဉ်သူ အက်ဒီဟင်းန်နဲ့အတူ လာမယ့်ဒီဇင်ဘာမှာ မကြေပွဲ ပြန်လည်ထိုးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
2 years Ago
Up