ဂျော်နီဒက်ဖ်

A d v e r t i s e m e n t With Us

June 2, 2016

မင်းသား ဂျော်နီဒက်ဖ် ဇနီးဟောင်းကို ခေါင်းအုံးဖြင့် ဖိသတ်ရန် ကြိုးစားခဲ့

အသက် ၅၂ နှစ်အရွယ် ဟောလိဝုဒ် နာမည်ကျော်မင်းသားကြီး ဂျော်နီဒက်ဖ်ဟာ မကြာသေးခင်ကမှ ကွာရှင်းခဲ့တဲ့ ဇနီးသည် မင်းသမီး အမ်ဘာဟာ့ဒ်ကို အရက်မူးပြီး ခေါင်းအုံးနဲ့ဖိသတ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ မင်းသမီးရဲ့ သူငယ်ချင်းဖြစ်သူက ထုတ်ဖော် ပြောလိုက်ပါတယ်။ ဒက်ဖ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ခုလိုကျူးလွန်ခဲ့တာဖြစ်ပြီး မင်းသမီးဟာ သူ့ဆီကို ဖုန်းနဲ့ စာတိုပို့ခဲ့ပြီး အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ မင်းသမီးရှိနေတဲ့ လော့စ်အိန်ဂျလိစ်က တိုက်ခန်းဆီ ရောက်သွားခဲ့ချိန်မှာ မင်းသမီးဟာ ရိုက်နှက်ညှဉ်းပန်းခံထားရပုံပေါ်ပြီး ဆံပင်တွေကိုလည်း ဆွဲဆောင့်ခံထားရသလို ဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။ “ခုလိုမြင်ရတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါဟာ ဟာ့ဒ်အတွက် တကြိမ်တည်း မဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ မင်းသားနဲ့ အတူနေချိန်မှာ သူ့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိခဲ့တယ်လို့ ဖွင့်ပြောခဲ့ဖူးတယ်” လို့ ဒေးလီးမေးလ် သတင်းစာကို ပြောခဲ့တာပါ။ ဒါတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လက Pirates of The Caribbean: Dead Man’s Chest in Australia ဇာတ်ကား ရိုက်ကူးနေချိန်မှာ စတင်ပြီး ဇနီးသည်နဲ့ ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်ပေါ်လာခဲ့တယ်လို့ မင်းသားက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာတော့ ဟာ့ဒ်ဟာ လော့စ်အိန်ဂျလိစ် တရားရုံးကနေ မင်းသား ဂျော်နီဒက်ဖ်နဲ့ ကွာရှင်းခွင့် တောင်းခံခဲ့တာပါ။ သူ့အနေနဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ မနေနိုင်တော့လို့ ၁၅ လကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့ ခုလိုကွာရှင်းခွင့် တောင်းခံခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြလိုက်တာပါ။
5 years Ago
Up