ဂျော်ဒန်ဘုရင်

May 2, 2019

ဂျော်ဒန်ဘုရင် အထူးစစ်ဆင်ရေးအဖွဲ့နှင့်အတူ ဝေဟင်မှ လေထီးဖြင့်ခုန်ဆင်း

ဂျော်ဒန်ဘုရင် အက်ဘ်ဒူလာက အထူးစစ်ဆင်ရေးအဖွဲ့နဲ့အတူ ဝေဟင်ကနေ လေထီးနဲ့ ခုန်ဆင်းတဲ့ စကိုင်းဒိုက်ဗ် စစ်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို ဂျော်ဒန်အာဏာပိုင်တွေက မေ ၁ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဘုရင်ကြီးဟာ လေယာဉ်ပေါ်မှာ လေထီးခုန်မယ့် အထူးစစ်ဆင်ရေး အဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ အဖွဲ့ဝင်တွေကို လေထီးခုန်ချတဲ့အချိန်မှာ ကူညီပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ဘုရင်ကြီးဟာ လေယာဉ်မှူးအခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
3 years Ago

September 24, 2018

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျော်ဒန်ဘုရင် တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုဟာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ စက်တင်ဘာ ၂၃ ရက်မှာ တွေ့ဆုံဆွေးနွေးပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် အကြိုအနေနဲ့ ဆွေးနွေးတာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်အတွင်း တောင်ကိုရီးယား၊ အီဂျစ်၊ ပြင်သစ်၊ အစ္စရေး၊ ဂျပန်နဲ့ ဗြိတိန်တို့က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေ ကျင်းပဖို့ ရှိတယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ကုလညီလာခံရဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးအတွင်း ထရမ့်က အီရန်ကို ပြစ်တင်ရှုတ်ချဖို့ မျှော်လင့်ထားတယ်လို့လည်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံက အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမှာမို့ ထရမ့်က ညီလာခံကို သဘာပတိအဖြစ် ကြီးမှူးနိုင်မှာပါ။ ဒါဟာ အမေရိကန်သမ္မတက ကုလလုံခြုံရေးကောင်စီရဲ့ သဘာပတိအဖြစ်  ကြီးမှူးတာ တတိယအကြိမ် ဖြစ်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ကုလလုံခြုံရေးကောင်စီကို ၁၉၄၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ စစ်တပ် သုံးစွဲဖို့ အခွင့်အာဏာ ဒါမှမဟုတ် ဒဏ်ခတ်မှုတွေ ချမှတ်နိုင်စွမ်းတွေလဲ လုံခြုံရေး ကောင်စီမှာ ရှိနေပါတယ်။
3 years Ago
Up