ဂျော်ဂျီယာနိုင်ငံ

A d v e r t i s e m e n t With Us

June 23, 2019

ဂျော်ဂျီယာနိုင်ငံတွင် ရုရှားဆန့်ကျင်ရေး ဆန္ဒပြ

ရုရှားဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘလီစီရဲ့ မြို့လယ်မှာ ၃ရက်မြောက်နေ့အဖြစ် ဇွန်လ ၂၂ ရက်က စုရုံးခဲ့ကြပါတယ်။ ရုရှားကို ကျူးကျော် သိမ်းပိုက်သူလို့ ခေါ်ထားတဲ့ ခေါင်းစီးစာတန်းတွေ၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို သရော်ထားတဲ့ လက်ကိုင်ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ ထောင်နဲ့ချီတဲ့ လူတွေက လွှတ်တော်အဆောက်အဦရှေ့မှာပြောတဲ့ မိန့်ခွန်းကို ငြိမ်းငြိမ်းချမ်းချမ်း နားထောင်ခဲ့ကြပါတယ်။ ရုရှားအမတ်က ဂျော်ဂျီယာ လွှတ်တော်ကို လာလည်ခဲ့အပြီး မြို့တွင်း မငြိမ်မသက် ဖြစ်ခဲ့တာမို့ ရုရှားနဲ့ ဂျော်ဂျီယာတို့ အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ ဇွန်လ ၂၀ ရက် ညက ဆန္ဒပြပွဲတွေကြောင့် လူစုခွဲဖို့ ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ရာဘာကျည်ဆန်တွေကို သုံးခဲ့တဲ့အတွက် လူရာချီ ဒဏ်ရာရခဲ့သလို လူရာချီ အဖမ်းခံရပါတယ်။ ရာဇဝတ်သင့်တဲ့ လုပ်ရပ်တွေကနေ လူတွေကို ကာကွယ်ဖို့လို့ပြောရင်း ဇူလိုင် ၈ ရက်က စပြီး ရုရှားနဲ့ဂျော်ဂျီယာကြား ပျံသန်းနေတဲ့ ရုရှားခရီးသည်တင် လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့တဲ့ အမိန့်ကို ပူတင်က လက်မှတ်ထိုးအပြီးမှာ ရုရှားနဲ့ ဂျော်ဂျီယာကြား တင်းမာမှုဟာ ဇွန်လ ၂၁ရက်မှာ ပိုမြင့် လာခဲ့ပါတယ်။ ရုရှားခရီးသွားလုပ်ငန်းတွေက ဂျော်ဂျီယာနိုင်ငံဆီသွားတဲ့ ခရီးစဉ်တွေကို ဆိုင်းငံ့ထားဖို့လည်း ပူတင်က ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဂျော်ဂျီယာ နိုင်ငံထဲမှာရှိပြီးသား ရုရှားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ပူတင်က အစိုးရကို အမိန့်ထုတ်ခဲ့ပါတယ်။ နှစ်စဉ် ရုရှားခရီးသည် အယောက်တသန်းကျော်ဟာ ဂျော်ဂျီယာ နိုင်ငံထဲမှာ အားလပ်ရက် အပန်းဖြေကြပါတယ်။
2 years Ago
Up