ဂျော်ဂျီယာပြည်နယ်တွင် ထောင်သား ၂ ဦးက ရဲ ၂ ဦးကို သတ်ပြီး လက်နက်ယူ ထွက်ပြေး

June 15, 2017

ဂျော်ဂျီယာပြည်နယ်တွင် ထောင်သား ၂ ဦးက ရဲ ၂ ဦးကို သတ်ပြီး လက်နက်ယူ ထွက်ပြေး

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ ဇွန်လ ၁၃ ရက်နေ့က ထောင်သား ၂ ဦးက ရဲ ၂ ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ထောင်ပြောင်းရာမှာ လိုက်ပါလာတဲ့ ရဲ ၂ ဦးကို အကျဉ်းသား ၂ ဦးက သတ်ပြီး လက်နက်တွေကိုလည်း ယူဆောင်ထွက်ပြေးသွားတာပါ။ အသက် ၄၃ နှစ်ရှိ ရိုဝီဆိုသူနဲ့ ၂၄ နှစ်အရွယ် ဒူဘိုစီဆိုသူ ရာဇဝတ်သား ၂ ဦးထဲမှာ ၁ ဦးဟာ ရဲအရာရှိ ၂ ဦးကို ပစ်သတ်သွားတာဖြစ်မယ်လို့ ဂျော်ဂျီယာပြည်နယ် ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
4 years Ago
Up