ဂျော်ဂျီယသမ္မတဟောင်းကို

December 9, 2017

ဂျော်ဂျီယသမ္မတဟောင်းကို ထိန်းသိမ်းထားသည့်နေရာတွင် လူရာချီ ဆန္ဒပြ

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ရဲ့ မြို့လယ်က ဂျော်ဂျီယာ သမ္မတဟောင်းကို ထိန်းသိမ်းထားတဲ့ နေရာမှာ ရာနဲ့ချီတဲ့ လူတွေ မနေ့ညက ဆန္ဒပြ စုရုံးခဲ့ကြပါတယ်။ ဂျော်ဂျီယာ သမ္မတဟောင်း မစ်ခေးလ် ဆာကာ ရှီဗှလီကို ဒီဇင်ဘာ ၈ ရက်နေ့ အစောပိုင်းက ဖမ်းဆီးခဲ့တာပါ။ သမ္မတဟောင်းကို ပြန်ဖမ်းတာ ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံတွေ လမ်းပေါ်ထွက် ဆန္ဒပြဖို့ အစိုးရ ရှေ့နေဟောင်း ဒါဗစ် ဆခ်ဗာရယ်လီဇယ်က ဆော်သြခဲ့ပါတယ်။ သူဟာ မတ်လက ယူကရိန်းရဲ့ အကြီးတန်း အစိုးရရှေ့နေအ ဖြစ်ကနေ ထုတ်ပယ်ခံရသူ ဖြစ်ပြီး ဂျော်ဂျီယာ သမ္မတဟောင်းနဲ့လည်း မဟာမိတ်ပါ။ ဆန္ဒပြသူတွေက ရှက်စရာပဲ၊ ကိယက်ဗ်မြို့ ထရပ်တော့ စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ ပါတယ်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ အများအပြားကလည်း ဝတ်စုံပြည့် စောင့်ကြပ်နေ ပါတယ်။ အခင်းဖြစ်ရာ နေရာဟာ လွှတ်တော်နဲ့ နီးပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာ သမ္မတဟောင်းကို ထောက်ခံသူတွေက သူ့ကိုရဲအချုပ်ကနေ လွှတ်ပေးခဲ့ကြတာပါ။ ယူကရိန်း အာဏာပိုင်တွေနဲ့ ဆာကာ ရှီဗှလီ တို့ကြား ကာလကြာရှည် အငြင်းပွားမှု ရှိနေပါတယ်။ ဆာကာရှီဗှလီဟာ ရာဇဝတ် အဖွဲ့အစည်း တခုကို ထောက်ပံ့နေတယ်လို့ သံသယ ရှိတယ်လို့ အစိုးရရှေ့နေချုပ် ယူရီ လွတ်ဆန်ကိုက ပြောပါတယ်။ ရဲတွေက အတိုက်အခံ ခေါင်းဆော်ကို ဖမ်းခဲ့ပြီး ယာယီ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။ ဆာကာရှီဗှလီဟာ ၂၀၁၅ ခုနှစ်က ယူကရိန်း သမ္မတ ပေထရိုပိုရိုရှန်ကိုရဲ့ ဖိတ်ကြားချက်အရ ယူကရိန်းရဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ချင်း ကွဲပြဲခဲ့တာပါ ဆာကာရှီဗှလီကတော့ စွဲချက်တွေကို ငြင်းခဲ့ပါတယ်။
3 years Ago
Up