ဂျော်ဂျင်ဟို

March 7, 2018

နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူရန် မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် ပစ်မှတ်ထား

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ရှိနေတဲ့ နာပိုလီ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို မန်ယူ၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဂျော်ဂျင်ဟိုနဲ့ နာပိုလီအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ကုန်ဆုံးမှာဖြစ်လို့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ် အသင်းတွေဆီ ပြောင်းရွှေ့ဖို့ရှိတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ဆိုပါတယ်။ ဂျော်ဂျင်ဟိုဟာ ပွဲတိုင်းမှာ ၁၃ ကီလိုမီတာအထိ ပြေးလွှားကစားနိုင်တာကြောင့် ပရီးမီးယားလိဂ်နဲ့ အံဝင်အောင် ကစားနိုင်ပြီး ပြောင်းရွှေ့ကြေးကတော့ နာပိုလီအသင်းက သတ်မှတ်လိမ့်မယ်လို့ အေးဂျင့်ဖြစ်သူ ဆန်းတို့စ်က ဆိုပါတယ်။ အသက် ၂၆ နှစ်ရှိ အီတလီလက်ရွေးစင် ဂျော်ဂျင်ဟိုဟာ အခုနှစ်ရာသီမှာ နာပိုလီအသင်းနဲ့အတူ ခြေစွမ်းပြနေသူဖြစ်ပြီး ၂၅ ပွဲကစား ၄ ဂိုး သွင်းထားပါတယ်။
4 years Ago
Up