ဂေါက်သီးရိုက်ပြိုင်ပွဲ

April 3, 2018

အမေရိကန်တွင်ကျင်းပသည့် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သင်းဝေခိုင် ချန်ပီယံဆုဖလား ရရှိ

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လူငယ်အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး သင်းဝေခိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ရရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ PGA National Resort & Spa- Fazio Course Palm Beach Gardens ဂေါက်ကွင်းမှာ မတ်လ ၂၉ ရက်ကနေ ဧပြီ ၁ ရက်နေ့အထိ ကျင်းပခဲ့တာပါ။ သင်းဝေခိုင်ဟာ သုံးရက်ပေါင်းရိုက်ချက် ၆၈+၆၉+၇၀ နဲ့ စုစုပေါင်း ၂၀၇ ချက်ရိုက်ပြီး သတ်မှတ်ရိုက်ချက်ထက် ၉ ချက်လျှော့ရိုက်ကာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ American Junior Golf Association (AJGA) က ဦးစီးကျင်းပတဲ့ ပွဲစဉ်တခုဖြစ်ပါတယ်။ သင်းဝေခိုင်ဟာ အမေရိကန်နိုင်ငံရှိ Gary Gilchrist Golf Academy (GGGA) မှာ ဂေါက်သီးအားကစားနည်းကို တက်ရောက်သင်ယူပြီး ပြိုင်ပွဲမျိုးစုံ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာလူငယ် အမျိုးသမီး ကစားသမားတဦးလည်း ဖြစ်ပါတယ်။
3 years Ago
Up