ဂေါက်သီး

April 4, 2017

ရေပန်းစားနေသည့် ချစ်စဖွယ် ၂ နှစ်သား ပါရမီရှင် ဂေါက်သီးအားကစားသမားကလေးငယ် (ရုပ်သံ)

ဂေါက်သီးရိုက်အားကစားကို စတင်လေ့ကျင့်ဖို့ အချိန်ဟာ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တဦးအဖို့ သိပ်ကို စောလွန်းနေသလို ဖြစ်နိုင်ချေမရှိတဲ့ အတွေးအမြင်တခုမျှသာပါပဲ။ ဒါပေမယ့် ကလေးငယ် ဆမ်ဘလီဝက်တ်အတွက်တော့ ခုလို ဂေါက်သီးရိုက်ကစားရတာဟာ ပုံမှန်လိုဖြစ်နေခဲ့ပါပြီ။ သူဟာ သြစတြေးလျနိုင်ငံ၊ အက်ဒ်လိတ်ဒ်မြို့မှာ နေထိုင်တာဖြစ်ပြီး ဖခင်ဖြစ်သူဆီကနေ ဂေါက်သီးရိုက်အားကစားကို လက်ဆင့်ကမ်း အမွေပါလာခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ် ဆမ်ဘလီဝက်တ်ရဲ့ နေ့စဉ် ဂေါက်သီးရိုက်လေ့ကျင့်မှုတွေထဲမှာ အိမ်တွင်း မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဇကာစစ်ဇွန်းတွေ၊ သစ်သားယောက်မတွေကို အသုံးပြုခဲ့တာဟာ တကယ့်ကို ချစ်စရာကောင်းပါတယ်။ ၂၀၃၄ ခုနှစ်လောက်ကျရင်တော့ သူဟာ တကယ့်ကို ဂေါက်သီးကစားသမား အကျော်အမော်တယောက် ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။ ကလေးငယ် ဆမ်ဘလီဝက်တ်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်တို့ကို အသုံးပြုနေပြီး ပရိသတ် ၃ သောင်းခွဲ ရှိနေခဲ့တာပါ။
4 years Ago
Up