အီတလီစီးရီးအေကလပ် အေစီမီလန်က မန်စီးတီးတိုက်စစ်မှူးဆာဂျီယို အဂူရိုကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုပြီး သည်ဆန်း သတင်းမှာ ဖော်ပြထားပါတယ်။
အေစီမီလန်က တိုက်စစ်မှူး အဂူရိုကို လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် နည်းပြ ဂွါဒီယိုလာကတော့ သူ့ရဲ့ တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းထားပါတယ်။
တကယ်လို့ မန်စီးတီးက တိုက်စစ်မှူး အဂူရိုကို ရောင်းရရင် အာဆင်နယ်က တိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူ အားဖြည့်လိမ့်မယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုဟာ ဒီနှစ်ရာသီမှ ခြေစွမ်းပြနေပြီး ၈ ပွဲမှာ ၇ ဂိုး သွင်းယူထားပါတယ်။
ဒါပေမယ့် ကားမတော် တဆမှုကြောင့် နံရိုး ထိခိုက် ဒဏ်ရာရထားပြီး ကုသမှု ခံယူနေရပါတယ်။
4 years Ago