ခွေး၊ကြောင်

May 11, 2019

ဧရာဝတီတိုင်းအတွင်း ခွေး၊ ကြောင် ၈၀၀၀၀ ခန့်ကို ​ခွေးရူး​ရောဂါကာကွယ်​​ဆေး အခမဲ့ထိုးပေး

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှာ  ခွေးရူးရောဂါ မဖြစ်ပွားစေဖို့ မေလ လဆန်းပိုင်းကစတင်ပြီး ခွေး၊ ကြောင် အကောင် ၈ သောင်းလောက်ကို ခွေးရူးရောဂါကာကွယ်ရေး အခမဲ့ ထိုးနှံပေးနေပါတယ်။ မြို့နယ် တမြို့နယ်ကို ခွေး၊ ကြောင် အကောင်ရေ ၃၀၀ နှုန်းနဲ့ မေလအတွင်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးနေတာပါ။ ခွေး​မှ​ခွေးရူ​ရောဂါမဖြစ်​ပွား​စေဖို့နဲ့ ခွေးတွေနဲ့ လက်​ပွန်းတတီး​နေထိုင်​​တဲ့ ခွေးပိုင်​ရှင်​တွေအ​နေနဲ့ ​ခွေးရူး​ရောဂါမကူးဆက်​​စေဖို့ ​ရည်​ရွယ်​ပြီး တိုင်းဒေသကြီးအစိုးရရဲ့ စီမံချက်​နဲ့ ခွေးရူး​ရောဂါကာကွယ်​​ဆေး အခမဲ့ထိုးနှံပေးနေတာလို့ ဖျာပုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်း​ဒေသကြီးရန်​ပုံ​ငွေနဲ့ ​စီမံချက်​ချပြီး ခွေးရူး​ရောဂါကာကွယ်​​ဆေးကို တိုင်း​ဒေသ ကြီးအတွင်းရှိ မြို့နယ်​​ပေါင်း ၂၆ မြို့နယ်​မှ တ​မြို့ နယ်​ကို ​​ခွေးရူးကာကွယ်​​ဆေးအလုံး ၃၀၀ အား​ မေလအတွင်း ခွေ၊ ကြောင်အကောင်ရေ ၇၈၀၀ ထိုးနှံသွားမယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်မှာတော့ ခွေး ၁၆၉ ​ကောင်​နဲ့ ​ကြောင်​အ​ကောင်​​ရေ ၇၀ ​အား ထိုးနှံပြီးဖြစ်​တယ်လို့ သိရပါတယ်။ ကျော်စိုးမိုး (ဖျာပုံ)
2 years Ago
Up