ခွေးလိမ္မာ

August 9, 2017

သခင်နှင့်အတူ ပင်လယ်ထဲ ဒိုက်ဗင်ထိုးစွမ်းရည်ပြသနိုင်သည့် ချစ်စဖွယ် ခွေးလိမ္မာလေး (ရုပ်သံ)

ခွေးတွေဟာ အသိဉာဏ်မြင့်မားတဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ပါဝင်ပြီး လူတွေရဲ့ လှုပ်ရှားပြုမူမှုတွေအတိုင်း သင်ယူနိုင်စွမ်းရှိကြပါတယ်။ ချစ်စရာ အိမ်မွေးခွေးကလေးတွေကို တချို့က ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ တချို့ကတော့ အထီးကျန်မှုကို ဖြေဖျောက်ပေးနိုင်ဖို့ အဖော်အဖြစ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ မွေးလေ့ရှိပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သခင်နဲ့အတူ ပင်လယ်ထဲ ဒိုက်ဗင်ထိုးစွမ်းရည်ပြသခဲ့တဲ့ ခွေးကလေးတကောင်ကို တွေ့ကြရမှာပါ။ တစ်တီလို့ အမည်ပေးထားတဲ့ ခွေးမလေးဟာ ဂျက်ခ်ရပ်ဆဲလ် တယ်ရီယာခွေး အမျိုးအစားဖြစ်ပြီး သေးငယ်တဲ့ ခန္ဓာကိုယ်ဟာ ပင်လယ်ထဲကို ဒိုင်ဗင်ထိုးချနိုင်မယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိပါဘူး။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ သခင်ဖြစ်သူ အမျိုးသားအနားမှာ ရပ်နေခဲ့ကာ အသင့်ရှိနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် သခင်က ရေထဲကို ဒိုက်ဗင်ထိုးချခဲ့ချိန်မှာတော့ သူကပါ တပြိုင်တည်း ရေထဲကို ထိုးချလိုက်တာ အံ့သြဖွယ် တွေ့မြင်ရမှာပါ။ ဒီနောက် ရေထဲမှာ သခင်ဖြစ်သူအနီးနား လှည့်ပတ်ကူးခတ်နေခဲ့ပြီးမှ ကမ်းစပ်ဆီ ပြန်တက်ခဲ့ကြပါတယ်။
4 years Ago

March 20, 2017

ငိုကြွေးနေသည့် လသားကလေးငယ်ကို ကလိထိုး ချော့မြှူခဲ့သည့် ခွေးလိမ္မာကလေး (ရုပ်သံ)

ကလေးငယ်တွေ ငိုကြွေးဂျီကျနေပြီး ချော့မြှူလို့မရတဲ့အချိန်ကို ကြုံတွေ့ဖူးပါသလား။ တခါတရံမှာ မိဘတွေအနေနဲ့ သူတို့ကို ချော့မြူဖို့နည်းလမ်း အလွယ်တကူမရတတ်ဘဲ ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင်တတ်ပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သခင့်ရဲ့ ၉ လသားအရွယ် ကလေးငယ်ကို ကူညီချော့မြှူခဲ့တဲ့ ခွေးလိမ္မာကလေးကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ ကလေးငယ် ဂရေဟမ် ဝါဟားဖ်တစ်ဂ်ဟာ ချော့မြှူလို့မရနိုင်ဘဲ ရှိနေခဲ့ချိန်မှာ မိသားစုရဲ့ မွေးထားတဲ့ ခွေးကလေး ဂျီးဗ်စ်က ကူညီချော့မြှူခဲ့တာပါ။ မိခင် ကေတီဟာ သားငယ် ဂရေဟမ်ကို ဘယ်လိုချော့မြှူရင်ရမလဲဆိုတာကို သိခဲ့ပါတယ်။ “ဂျီးဗ်စ်ဟာ ဂရေဟမ့်ကို အငိုတိတ်စေခဲ့တဲ့အတွက် ကျမ ပျော်ရွှင်မိပါတယ်။ ဘယ်သူမှ သူ့ကို အငိုတိတ်အောင် မလုပ်နိုင်ကြဘူးလေ။” ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခွေးကလေး ဂျီးဗ်စ်ဟာ ဂရေဟမ့်ရဲ့ ဝမ်းဗိုက်တွေ၊ ခန္ဓာကိုယ်တွေအနှံ့ ပွတ်သပ်တိုးဝှေ့ ကလိထိုးပြီး ကျီစယ်နေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ခွေးကလေး ဂျီးဗ်စ်ရဲ့ ချော့မြှူမှုနဲ့အတူ ရွှင်မြူးလာခဲ့တဲ့ ကလေးငယ် ဂရေဟမ်ကို အံ့သြစရာကောင်းလောက်အောင် တွေ့မြင်ရမှာပါ။
5 years Ago
Up