ခွေးစာ စားသဖြင့် တင်းနစ်မယ် ဆရီနာ ၀ီလီယံ နေမကောင်းဖြစ်

May 13, 2016

ခွေးစာ စားသဖြင့် တင်းနစ်မယ် ဆရီနာ ၀ီလီယံ နေမကောင်းဖြစ်

အီတလီအိုပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ၈ဦးစာရင်းမ၀င်မီ ကမ္ဘာအဆင့် ၁ တင်းနစ်မယ် ဆရီနာ ၀ီလီယံက ခွေးစာ စားလို့ နေမကောင်းဖြစ်ခဲ့ပါတယ်။ အမေရိကန်က ခရစ္စတီနာ မက်ဟေလီနဲ့ မကစားမီ သူရဲ့ ခွေးကလေး ချစ်အတွက် ၀ယ်ထားတဲ့ ခွေးစာ တစွန်းလောက်ကို စမ်းသပ်စားခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ၂ နာရီအကြာမအီမသာဖြစ်ခဲ့ရပြီး အိမ်သာကို ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီအစာထဲမှာ ဘာတွေထည့်ထားသလဲဆိုတာ မသိသလို လူတွေ မစားသင့်တဲ့ အရာလို့ မမှတ်ထင်မိတဲ့အကြောင်း ဒါကိုလည်း ရေးထားသင့်တယ်လို့ ၀ီလီယံက ပြောပါတယ်။ တစွန်းသာ စားမိပေမယ့် မအီမသာဖြစ်နေမိတယ်လို့လည်း သူက ၀န်ခံသွားပါတယ်။ မအီမသာဖြစ်ရာကနေ သက်သာလာခဲ့အပြီးမှာ ၀ီလီယံက မက်ဟေလီကို အနိုင်ကစားပြီး နောက်ဆုံး ဇကာတင် ၈ ဦးစာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up