ခွေးကလေး ၈၀၀ ၏ ဘောလုံးပစ်စွမ်းရည် ချန်ပီယံပြိုင်ပွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 18, 2015

ခွေးကလေး ၈၀၀ ၏ ဘောလုံးပစ်စွမ်းရည် ချန်ပီယံပြိုင်ပွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံ အင်ဒီယာနားပြည်နယ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ခွေးကလေးတွေရဲ့ ဘောလုံးပစ်စွမ်းရည်ချန်ပီယံပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြည်နယ် ၂၄ ခုမှ ပါဝင်ယှဉ်ပြိုင်တဲ့ ခွေးကောင်ရေ ၈၀၀ နဲ့ လူပေါင်း ၁ ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲဟာ ခွေးတွေကို သူတို့ရဲ့ပိုင်ရှင်တွေက အတားအဆီးအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာတွေကိုလေ့ကျင့်သင်ကြားပေးပြီးပြိုင်ရတာဖြစ်ပါတယ်။ လေးကောင်အုပ်စုတခုချင်းစီပြိုင်ရတာဖြစ်ပြီး တင်းနစ်ဘောလုံးကို ကောက်ပြီး တန်းကျော်ပြေးတာတွေအပါအ၀င် တခြားစွမ်းရည်ပြသမှုတွေပါပြသရတာပါ။ ပါဝင်ယှဉ်ပြိုင်မှုအတွက် ဆုကြေးငွေပေးတာမဟုတ်ပဲ နှစ်စဉ်အမေရိကန်နဲ့ ကနေဒါနိုင်ငံ မှ စွမ်းရည်ပြခွေးလေးတွေရဲ့ ကလပ်အသင်း ၄၀၀ ကျော်နဲ့ ပြိုင်ပွဲဝင်ခွေး အမြောက်အမြား ပါဝင်ယှဉ်ပြိုင်ကြတယ်လို့ အန်ဘီစီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up