ခေနြင်းလက်ဆေးခုံ

May 16, 2020

မိုးညှင်းနည်းပညာကောလိပ်က တီထွင်ထားသည့်ပစ္စည်းများ ဆေးရုံ ၂ ခုကို လှူဒါန်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နည်းပညာကောလိပ်ကျောင်းက ကိုယ်တိုင် တီထွင်ထားတဲ့ ဆေးဘက်သုံးပစ္စည်းတွေကို မိုးညှင်းဆေးရုံနဲ့ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတို့ကို လှူဒါန်းခဲ့တယ်လို့ မိုးညှင်းနည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ကျော့ကျော့ရီက ပြောပါတယ်။ စက်မှုဌာနက ဆရာဦးဇော်မိုးအောင်က ရည်ရွယ်ချက်က လောလောဆယ် ကိုဗစ်ဖြစ်နေတဲ့ အခါကျတော့ Isolation Ward တွေမှာ ဘာအကူညီပေးနိုင်မလဲဆိုတာ စဉ်းစားမိပြီး ဒါ လုပ်မိသွားတာပါ။ ဘာကြောင့်လဲဆိုတော့ Isolation Ward က စောင့်ကြည့်လူနာတွေရှိတယ်၊ သံသယလူနာတွေ ရှိတယ်။ ဒီလူနာတွေအတွက် ပစ္စည်းတွေ သွားပို့တဲ့လူတွေက PPE ဝတ်စုံတွေ ဝတ်ပြီး သွားတာ အဆင်မပြေတာလေးတွေ ရှိတာပေါ့။ ဒါကို ကွန်ထရိုးလေးနဲ့ ပို့တဲ့ဟာလေးတွေ လုပ်လိုက်လို့ရှိရင်တော့ သူတို့အတွက် အထောက်အကူပြုမယ်ပေါ့။ အဲ့ဒါနဲ့စပြီး လုပ်ဖြစ်သွားတာ လို့ ပြောပါတယ်။ မိုးညှင်း အစိုးရနည်းပညာကောလိပ်ကျောင်းက တီထွင်ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး အဝေးသုံး trolley ၂ ခု၊ ခြေနင်း လက်ဆေးခုံ ၄ ခု၊ ခြေနင်း လက်ဆေးကန် ၁ ခု၊ အလိုအလျောက် လက်ဆေးကန် ၁ ခုတို့ကို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဆပ်ပြာရည်ဘူး ၂၀ နဲ့ Hand Gel ဘူး ၂၀ တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ခင်သန်းညွန့်
1 year Ago
Up