ချော်ပြာများမှုတ်ထုတ်

May 19, 2018

ကီလောင်ဝဲမီးတောင် ချော်ပြာများမှုတ်ထုတ်နေပုံရုပ်သံ ထုတ်ပြန် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် ကီလောင်ဝဲ မီးတောင်က ချော်ပြာတွေ မှုတ်ထုတ်နေတဲ့ ဗွီဒီယိုဖိုင်ကို အမေရိကန် ဘူမိစစ်တမ်းဌာန (USGS) က မေလ ၁၈ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၁၂ နာရီခွဲအချိန်မှာ ရိုက်ကူးခဲ့တာပါ။ ကီလောင်ဝဲမီးတောင်က ညပိုင်းကောင်း ကင်ယံထက်ကို ချော်ပြာတွေ မှုတ်ထုတ်နေတာကို တွေ့မြင်ရပါတယ်။ မေ ၃ ရက်နေ့မှာ ကီလောင်ဝဲမီးတောင် စတင်လှုပ်ရှားလာချိန်ကစပြီး ပန်နာမြို့နယ်က ဒေသခံ အတော်တော်များများကို ဘေးကင်းရာနေရာကို ရွှေ့ပြောင်းထားရပါတယ်။ မီးတောင်က ချော်ရည်တွေဟာ လမ်းတချို့ကိုလည်း ပိတ်ဆို့စေခဲ့ပြီး မီးတောင် ပတ်ဝန်းကျင်က ဓာတ်ငွေ့တွေလည်း စိမ့်ထွက်နေပါတယ်။
4 years Ago
Up